နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ဖူဆယ်လိဂ်ပြိုင်ပွဲမှစတင်ပြီး တန်းတက် တန်းဆင်းစနစ် ကျင့်သုံးရန် လျာထား

ဩဂုတ်  ၄


၂၀၂၁ ဖူဆယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းတက်တန်းဆင်းစနစ်စတင်ကျင့်သုံးနိုင်ရန် လျာထား ကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မြန်မာဖူဆယ်အားကစားနည်း ပိုမိုတိုးတက်စေရန်ရည်ရွယ်၍  တန်းတက်တန်းဆင်းစနစ်ကျင့်သုံးရန်လျာထားခြင်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်မှ ဖူဆယ်ကျွမ်းကျင်တာဝန်ရှိသူများနှင့် ပြုလုပ်မည့်အလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်းသိရသည်။


“မြန်မာနိုင်ငံမှာ အာရှဘောလုံးအဖွဲ့ချုပ်ကဖူဆယ် ကျွမ်းကျင်တာဝန်ရှိသူတွေပါဝင်မယ့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ ဖူဆယ်လောက ပိုမိုတိုးတက်စေဖို့နဲ့ ကလပ်အသင်းတွေကို စနစ်တကျဖွဲ့စည်းယှဉ်ပြိုင်ဖို့ အကြောင်းအရာတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါ့ပြင် လာမယ့်နှစ် ဖူဆယ်လိဂ်မှာ တန်းတက်တန်းဆင်းစနစ်ကျင့်သုံးဖို့လည်း လျာထားပါတယ်။ ဒါပေမယ့် ဖူဆယ်ကလပ်အသင်းတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ရဦးမှာပါ”ဟု ယင်းက ပြောသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် MFF ဖူဆယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစတင်ခဲ့ပြီး MIU ဖူဆယ်အသင်းက ချန်ပီယံဆုသုံးကြိမ်နှင့် ပြည်ယူနိုက်တက်အသင်းက တစ်ကြိမ်ဗိုလ်စွဲထားကြောင်း သိရသည်။                                                                                                                   


(SO)






အခြားဆက်စပ်သတင်းများ