ဩဂုတ် ၄
ယူကရိန်းတို့ရဲ့ အမှတ်ပေးချန်ပီယံ ရှက်တာဒိုးနက်နဲ့ ဝုဒ်ဘတ်အသင်းတို့ရဲ့ ယူရိုပါ ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်ကို ယူကရိန်းနိုင်ငံကိဗ်မြို့မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီပွဲကို မတ်လ ၁၉ ရက်မှာ ကစားရမယ့်ပွဲပါ။ ဒါပေမယ့် COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ပထမအကျော့တုန်းက ဂျာမနီမြေမှာ ရှက်တာဒိုးနတ်က ၁-၂ နဲ့ အနိုင်ရထားပါတယ်။ ရှက်တာဒိုးနက်ရဲ့ ဂျာမန်ကလပ်တွေကို အိမ်ကွင်းလက်ခံကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲစလုံးသရေကျခဲ့တာပါ။ ဝုဒ်ဘတ်ဟာ ဥရောပပြိုင်ပွဲတွေမှာ ရှက်တာဒိုးနက်နဲ့မတွေ့မီ ယူကရိန်းကလပ်တွေထဲက အိုလက်ဆန်ဒရီယာအသင်းနဲ့ ပထမဆုံးတွေ့ဆုံမှုမှာ အိမ်ကွင်း ၃-၁၊ အဝေးကွင်း ၁-၀ တို့နဲ့ နှစ်ပွဲစလုံးအနိုင်ရခဲ့ပါတယ်။
အိုလက်ဆန်ဒရီယာနဲ့ ရှက်တာဒိုးနက်တို့ရဲ့ ဥရောပအတွေ့အကြုံချင်းကကွာခြားလွန်းလှပါတယ်။ ရှက်တာဒိုးနက်ဟာ ၂၀၁၉-၂၀၂၀ ယူကရိန်း အမှတ်ပေးချန်ပီယံဆုကိုလည်း ဒုတိယနေရာက ဒိုင်နမိုကိဗ်ကို ၂၃ မှတ်ဖြတ်ပြီးဆွတ်ခူးခဲ့တာပါ။ ဝုဒ်ဘတ်ကတော့ ဘွန်ဒက်စ်လီဂါမှာ အဆင့် ၇ ရခဲ့ပြီး လာမယ့်ရာသီယူရိုပါလိဂ်ဝင်ခွင့်ရရှိထားပါတယ်။
ဒီပွဲမှာ ပွဲကစားမှုပုံမှန်ရှိနေတဲ့ ရှက်တာဒိုးနက်ဟာ ယူကရိန်းလိဂ်ပြန်စချိန်မှာ နိုင်ပွဲဆက်နေပြီး ဝုဒ်ဘတ်ကတော့ ခြေစမ်းနေရဆဲအဆင့်ပါ။ ရှက်တာရဲ့ အိမ်ကွင်းမှာ ဝုဒ်ဘတ်တို့ နိုင်ဖို့မလွယ်လောက်ပါဘူး။ ဩဂုတ် ၅ ရက် ဗုဒ္ဓဟူး၊ ည ၁၁ နာရီ ၂၅ မိနစ်မှာတော့ နောက်တစ်ဆင့်ကို ဘယ်အသင်းတက်လှမ်းမလဲဆိုတာ သိရဖို့ဆိုရင် စောင့်ကြည့်ဖို့လိုမှာပါ။
(SO)