နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိန္နဲသီးစားသုံးပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ဩဂုတ်  ၃


ပိန္နဲသီးတွင် ကာဗိုဟိုက်ဒရိုတ်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဖော့စပရက်စ်၊ ဇင့်နှင့် ကယ်လ်ဆီယမ်တို့ ပါဝင်သည်။ ယင်းတွင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေသည့် ဓာတ် များလည်း ပါဝင်သည်။ ပိန္နဲသီး၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်သည် -

(၁) ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း

ပိန္နဲသီးတွင် ဗီတာမင်စီဓာတ်၊ Antioxidants များ၊ ကင်ဆာကိုကာကွယ်နိုင်သည့် Phytonutrients များ ပါဝင်သည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းမှ ကျန်းမာရေးကိုထိခိုက်နိုင်သည့် ဓာတ်တိုးပစ္စည်းများကိုလည်း ဖယ်ရှားပေးနိုင်သည်။ Antioxidants ဓာတ်များသည် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ကင်ဆာရောဂါကို ကာကွယ် ပေးသည်။

(၂) နှလုံးရောဂါကိုကာကွယ်ပေးခြင်း

ပိန္နဲသီးတွင် ဗီတာမင် B6, ဗီတာမင် B12 နှင့်ဖောလစ်အက်ဆစ်တို့ပါဝင်ပြီး အဆိုပါဓာတ်များမှာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်သည်။

(၃) အစာခြေစနစ်ကိုအားကောင်းစေခြင်း

ပိန္နဲသီးသည် အစာခြေစနစ်ကိုလည်း အားကောင်းစေခြင်းကြောင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာ ပျောက်ကင်းစေသည်။ ပိန္နဲသီး၏အစေ့မှာ အမျှင်ဓာတ်များပါဝင်ခြင်းကြောင့် ဝမ်းချုပ်နေပါက ပိန္နဲသီးအစေ့ များကို စားပေးသင့်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင်လည်း ကူညီပေးနိုင်သည်။

(၄) အရိုးပွရောဂါကိုကာကွယ်ပေးခြင်း

ပိန္နဲသီးတွင် ကယ်လ်ဆီယံဓာတ်များ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အရိုးပွရောဂါဖြစ်ပွားနိုင်ခြေမှ လျှော့ချပေး နိုင်သည်။ အရိုးပွရောဂါသည် ခန္ဓာကိုယ်မှလိုအပ်သည့် ကယ်လ်ဆီယံဓာတ်မဖြည့်ဆည်းပေးနိုင်သည့်အချိန်တွင် ဖြစ်တတ်သည်။ ထို့ကြောင့် အရိုးပွရောဂါဖြစ်နေသူများအနေဖြင့် ပိန္နဲသီးကို တစ်ပတ်လျှင် နှစ်ခါ၊ သုံးခါ စားသုံးပြီး ခန္ဓာကိုယ်အတွက်လိုအပ်သည့် ကယ်လ်ဆီယမ်ဓာတ်ကို ဖြည့်ဆည်းပေးသင့်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ