ရန်ကုန် ဩဂုတ် ၃
လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်မတော်သားများသီးသန့်မဲပေးနိုင်ရန် တပ်မဲရုံ (၆၃၂) ရုံ သတ်မှတ်ပြီးတပ်ပြင်ပ၌ ထားရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က သြဂုတ် ၂ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲနည်းဥပဒေ ၃၉ (က)နှင့်အညီပွင့်လင်းမြင်သာမှုရှိစေရန်အပြင် ရွေးကောက်ပွဲစောင့်ကြည် လေ့လာသူများလွတ်လပ်စွာဝင်ထွက်သွားလာနိုင်ရန်အတွက် တပ်မတော် မဲရုံများကိုတပ်ရင်းတပ်ဖွဲ့များ အပြင်ဘက်တွင် နေရာသတ်မှတ်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
ယခင်ကတပ်မတော်မဲရုံများကတပ်ရင်းတပ်ဖွဲ့များအတွင်း၌ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလက ကျင်းပပြုလုပ်သည့် လွှတ်တော်တွင် တပ်မဲရုံများကိုပြင်ပ၌ ထားရန်အပါအဝင် ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်သောဥပဒေကိုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး၊ လွှတ်တော်ကအတည်ပြုပေး ခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်