နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်း

ရန်ကုန် ဩဂုတ် ၃


လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင်တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကိုဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ သြဂုတ် ၂ ရက်နေ့ကကိုယ်စားလှယ်လောင်းအမည်စာရင်းလာရောက် ထည့်သွင်းသွား ကြောင်းရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို မှန်ကန်အောင်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရွေးကောက်ပွဲကော်မရှင်ကို မှာကြားခဲ့ကြောင်း ဦးကြည်မြင့်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က အိမ်ထောင်စုအလိုက် မဲစာရင်းများကိုစတင်ကြေညာခဲ့ရာ အမှားအယွင်း များရှိနေသည်ဟုသတင်းထွက်ပေါ်အပြီးတွင် ယခုကဲ့သို့နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မှာကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကိုမှန်ကန်အောင် လိုက်လံစိစစ်နေပြီးအများအားဖြင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးနေပြီဟု ဦးကြည်မြင့်က ပြောသည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟုထုတ်ပြန်ထားပြီး ရန်ကုန်တိုင်းအတွင်း မဲပေးနိုင်သောမဲဆန္ဒရှင် စုစုပေါင်း ၅၆ သိန်းခန့် ရှိနေကြောင်း သိရသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ