ဩဂုတ် ၁
ကမ္ဘာ့အသက်ကြီးဆုံး ဘောလုံးသမားအဖြစ် လက်ရှိဘောလုံးကစားနေတဲ့ ကစားသမားကတော့ ဂျပန် ကလပ် ယိုကိုဟားမားအက်ဖ်စီမှာ ကစားနေတဲ့ ကာဇုရိုရှီမီယူရာပါ။ သူ့အသင်းဟာ ဂျပန်ထိပ်သီးလိဂ် ဂျေဝမ်းကို တက်ရောက်လာခဲ့ပါပြီ။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသင်းနဲ့စာချုပ်တစ်နှစ်တိုးထားတဲ့ ကာဇုဟာ ဂျေဝမ်းမှာဆက်ကစားဦးမှာပါ။ ၅၃ နှစ်အရွယ်ကစားသမားကို လိဂ်ကခွင့်ပြုထားသလားလို့ မေးခွန်းထုတ်နိုင်ပေမယ့် ဂျပန်ထိပ်သီးလိဂ်တင် မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ဘောလုံးဂိမ်းဖြစ်တဲ့ ဖီဖာဘောလုံးဂိမ်းကပါ အသိအမှတ်ပြုခဲ့ပြီး လာမယ့် ဖီဖာ ၂၁ မှာ ကာဇုကို ပလေယာအနေနဲ့ ထည့်သွင်းထားဦးမယ်လို့ဆိုပါတယ်။ အဲဒီအချက်က ကာဇုကို ဖီဖာဘောလုံး ဂိမ်းရဲ့ အသက်ကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးတော့မှာဖြစ်ပါတယ်။ နောက်လက်ရှိ ကစားနေတဲ့ ဘောလုံးသမားတွေထဲမှာ ကမ္ဘာ့အသက်အကြီးဆုံးပရော်ဖက်ရှင်နယ်ဖြစ်လာပါပြီ။ သူ့ထက် အသက်ကြီးတဲ့စံချိန်တင်ထားတဲ့သူတွေရှိနေသေးတဲ့အတွက် သက်ရှိထင်ရှားထဲမှာပဲ စံချိန်တင်နေမှာပါ။ နာမည်ပြောင်ဘုရင်ကာဇုလို့ခေါ်ကာ အာရှအကောင်းဆုံးဘောလုံးသမားဆုကို ဂျပန်ကပထမဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ ကာဇုရိုရှီမီယူရာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ၃၅ နှစ်မြောက်အဖြစ် ဖြတ်သန်းဦးမှာပါ။ ဂျေလိဂ်ဝမ်း ဒီနှစ်ရာသီမှာသာဂိုးသွင်းခဲ့ရင် ၅၃ နှစ်နဲ့ စံချိန်တင်ဦးမှာပါ။ ဖီဖာဂိမ်းထဲမှာလည်း ၂၅ နှစ်တိတိပါဝင်မှုအတွက် စံချိန်တင်ထားသူဖြစ်ပါတယ်။ ဒါကြောင့် အသက်ဆိုတာ ကန့်သတ်ချက်တစ်ခုပါလို့ ကာဇုရဲ့အသက်အရွယ်က ပြောပြနေပါတယ်။
(SO)