နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဂုတ်လအတွင်းတွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာများဖြင့် ကျွန်း၊ သစ်မာသစ်ပါးလွှာ၊သစ်မာခွဲသား၊ ကျွန်း၊သစ်မာသစ်လုံး၊ ခွဲသားများအား တင်ဒါစနစ်ဖြင့်ရောင်းချပေးသွားမည်

ရန်ကုန် ဩဂုတ် ၂

ယခုဩဂုတ်လအတွင်းတွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာများဖြင့် ကျွန်း၊ သစ်မာသစ်ပါးလွှာ၊သစ်မာ ခွဲသား၊ကျွန်း၊ သစ်မာသစ်လုံး၊ ခွဲသားများအား တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန၏သတင်းများအရသိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန၊ မြန်မာ့သစ်လုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီးမြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ သစ်အခြေခံစက်မှုလုပ်ငန်းဋ္ဌာန၏ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန နှင့် ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနများမှ ပြည်တွင်းပြည်ပဝင်ငွေများ တိုးတက်ရရှိလာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနသည် သစ်ထုတ်ရေးဌာနကြီးမှ လက် ခံ ရရှိသောသစ်လုံးများကို  ခွဲစိတ်၍သစ်ခွဲသားများ ထုတ်လုပ်ကာ ပြည်တွင်းဝင်ငွေများကို ရှာဖွေဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းသုံးသစ်ခွဲသားခွဲစိတ်ခြင်း လုပ်ငန်းကို ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိသစ်စက်များတွင် ဆောင်ရွက်ကာနိုင်ငံတော်စီမံကိန်း များ၊ တပ်မတော်သစ်ခွဲသားလိုအပ်ချက်၊ မြန်မာ့မီးရထားဇလီဖား၊ သဘာဝဘေးပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပြည်သူများအတွက် လိုအပ်သောသစ်ခွဲသားများ ကို ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိသစ်စက်/သစ်ဆိုင်များမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထို့အတူ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနအနေဖြင့်လည်း သစ်ထုတ် ရေးဌာနမှလွှဲပြောင်းပေးပို့လာသော ကျွန်းနှင့်သစ်မာသစ်လုံး၊ ခွဲသားများကို နိုင်ငံခြားဝင်ငွေရရှိစေရန် ရောင်းချခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကို အဓိကဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ခွဲသားနှင့်သစ် အချောထည်များ ထုတ်လုပ်ရောင်းချ၍နိုင်ငံခြားဝင်ငွေရရှိရန်လည်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ဆောင်ရွက်ပေးနေမှုများအရ ယခုဩဂုတ်လအတွင်းတွင် မြန်မာကျပ်ငွေ၊အမေရိကန်ဒေါ်လာများဖြင့်ကျွန်း၊သစ်မာသစ်ပါးလွှာ၊ သစ်မာခွဲသား၊ကျွန်း၊ သစ်မာသစ်လုံး၊ ခွဲသားများအားတင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုများအရ ၂၀၂၀ ပြည့်နှစ်ဩဂုတ်လ(၁၄)ရက်တွင် မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်မှုလုပ်ငန်းဋ္ဌာနမှ သစ်မာသစ်ပါးလွှာ (၁၈၉၆ဒသမ၂၆၅၀) ကုဗမီတာနှင့်သစ်မာသစ်ခွဲသား (ပျဉ်းကတိုး) တန်ချိန် (၄၆ဒသမ၆၇၃၃) တန်အားအမေရိကန် ဒေါ်လာဖြင့် အိတ်ဖွင့်လေလံစနစ်နှင့်ရောင်းချ ပေးသွားမည်ဖြစ်သည်။ အဆိုပါ သစ်များကိုသစ်အခြေခံစက်မှုလုပ်ငန်းဋ္ဌာန (ရုံးချုပ်) ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုသူများအနေနှင့် မြန်မာ့သစ်လုပ်ငန်း၏ ဝက်ဆိုက်ဖြစ် သည့် www.mte.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့ ဖုန်းနံပါတ် ဝ၁-၃၇၂၄၄၅၊ဝ၁-၃၇၇၂၉၆နှင့် ဝ၁-၃၇၇၈၈၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ်ဩဂုတ်လ(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင်လည်း စက်မှုကုန်ကြမ်း ကျွန်း/သစ်မာသစ်လုံး/ခွဲသားများတန်(၃၁၀ဝ၈)ခန့်ကို တော်ဝင်ခန်းမ၊ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့တွင်အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ အဆိုပါ တင်ဒါကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက        www.mte.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် ဝ၁-၃၇၂၀၂၃။ ဝ၁-၃၇၂၆၈၈၊ ဝ၂-၄၀၇၀၃၇၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
                                                                                                                                       ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ