နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာမြေသွင်းအားစုများ ပံ့ပိုး

ရန်ကုန်၊ ဩဂုတ် ၂

မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ ဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် CERP အရ တောင်သူလယ်သမားများအား မျိုးစပါးနှင့်နေ့စားလုပ်အားခ ထောက်ပံ့ခြင်း၊ မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရေး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနက စနစ်ကျ လယ်ယာမြေလုပ်ငန်းဆောင်ရွက်နေသော တောင်သူလယ်သမားများအား လက်ဝယ်အရောက်ပေးအပ်သည်။

အလားတူ တောင်သူဦးကြီးများကို CERP အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ဆိုနာလီကာ လယ်ထွန်စက်အစီး ၇၀ ကို လက်ငင်းငွေချေစနစ်ဖြင့် တစ်စီးလျှင် ၂၁၆ သိန်း သုံးနှစ်အရစ်ကျဝယ်ယူလျှင် ကျပ် ၂၃၄ သိန်းဖြင့် တောင်သူလယ်သမားများကို စက်မှုလယ်ယာဦးစီးဌာနက ရောင်းချပေးလျက်ရှိသည်။ ယင်းကဲ့သို့ ရောင်းချရာတွင် ထွန်စက်အခြေခံထိန်းသိမ်းနည်းစနစ်များကို သင်ကြားပြသပေးခဲ့သည်။

ယခုအခါ ဘက်ပေါင်းစုံမှ တောင်သူဦးကြီးတို့အတွက် သွင်းအားစုများကိုပံ့ပိုးလျက်ရှိရာ ဆောင်းသီးနှံ၊ နွေသီးနှံစိုက်ပျိုးစရိတ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူဦးကြီးတို့ ရင်းနှီးမတည်ငွေလုပ်ငန်း လည်ပတ်ငွေများတိုးပွားလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အလေးထားအားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှုစီးပွားရေးဘဝ ရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာသည်။ ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စေတနာကို တန်ဖိုးထားပြီး ရိုးရိုးသားသားကြိုးကြိုးစားစား ရှာဖွေလုပ်ကိုင်ကြ၍ မိမိတို့ချေးငွေ များကိုလည်း မှန်မှန်ကန်ကန်ပေးဆပ်ကာ မိမိတို့ဘဝကို ဖန်တီးယူကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် သဘာဝသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝမှု စိုက်ပျိုးရေးအတွက် သဘာဝမှပေးသည့် အခြေအနေကောင်းများ၊ ရိုးသားကြိုးစားသော တောင်သူလယ်သမားတို့၏ အင်အားများဖြင့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်လျက် စိုက်ပျိုးရေးအခြေခံစက်မှုနိုင်ငံဖြစ်အောင် အားကြိုးမာန်တက်စွမ်းဆောင်ခြင်းဖြင့် တောင်သူလယ်သမားဦးကြီးတို့၏ဘဝ တိုးတက်စေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ