နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်တို့တွင် ငွေကျပ် ၉၈၅၇ ဒသမ ၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ထားဝယ် ဩဂုတ် ၂

 ဇူလိုင် ၃၁ ရက်၊ နံနက် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ကျန်းမာရေးလမ်း၊ အိမ်အမှတ်(၇၀၇)နေ သန်းအောင်(ခ) နိုင်နိုင်ဝင်း၏နေအိမ်ကိုရှာဖွေရာ သန်းအောင်(ခ)နိုင်နိုင်ဝင်းနှင့်အတူ နေမျိုးသူစိုး(ခ)နေနေ၊ ရန်နိုင်ဝင်း(ခ) ရန်နိုင်တို့အားတွေ့ရှိရပြီး ၎င်းတို့ထံမှ အိုက်စ် သုည ဒသမ ၀၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ ပြား၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် ကွင်းဆက်အရ ၁၂၀၀ အချိန် ကျော်ကျော်ဆက်(ခ)ဂွမ်း ရောက်ရှိနေသည့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ တည်းခိုခန်းသို့ သွားရောက်ရှာဖွေရာ ကျော်ကျော်ဆက်(ခ)ဂွမ်းနှင့်အတူ ထွန်းဦးကျော်(ခ)အာကာ၊ မထက်ထက်ဦး(ခ) ထက်ထက် တို့အားတွေ့ရှိရပြီး မွန်းလွဲ ၂ နာရီအချိန် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ ကျော်ကျော်ဆက်(ခ)ဂွမ်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စက္ကူပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇,၀၀၀ ပြား၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သန်းအောင် (ခ)နိုင်နိုင်ဝင်း(၅၃)နှစ်၊ နေမျိုးသူစိုး(ခ)နေနေ(၂၄)နှစ်၊ ရန်နိုင်ဝင်း(ခ)ရန်နိုင်(၂၅)နှစ်၊ ကျော်ကျော်ဆက်(ခ)ဂွမ်း(၂၅)နှစ်၊ ထွန်းဦးကျော်(ခ)အာကာ(၂၈)နှစ်၊ မထက်ထက်ဦး(ခ)ထက်ထက်(၂၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ