နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြင်ဦးလွင် ဩဂုတ် ၂

ဇူလိုင် ၃၀ ရက်၊ နံနက်  ၁၁ နာရီ ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာအနီးတွင် အောင်မင်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အောင်မင်းလွင်(၂၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇူလိုင် ၃၀ ရက်၊ နံနက်  ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊ ပူခိုင်ကျေးရွာနေ ဝင်းတင့်စိုး(ခ)ကိုစိုး၏ နေအိမ်အားရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၄၅ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းတင့်စိုး(ခ)ကိုစိုး(၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

    ဆွေဦး






အခြားဆက်စပ်သတင်းများ