နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ဖ်အေဖလားအအောင်မြင်ဆုံးအသင်း အာဆင်နယ်ပဲ ဗိုလ်စွဲပြန်

ဩဂုတ်  ၂

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်၊ ည ၁၁ နာရီက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို ၂-၁  ဂိုးနဲ့  အနိုင်ရဗိုလ်စွဲသွားခဲ့ပါပြီ။ နှစ်သင်းစလုံးဟာ လန်ဒန် အသင်းတွေဖြစ်တာကြောင့်  လန်ဒန်ဒါဘီပွဲဆိုရင်လဲမမှားပါဘူး။ နှစ်သင်းစလုံးအကောင်းဆုံးကစားသမား တွေ၊ ဆီမီးဖိုင်နယ်တုန်းက စုဖွဲ့မှုအတိုင်း အတတ်နိုင်ဆုံးပြင်ဆင်လာခဲ့ကြပါတယ်။

အာဆင်နယ်က ဒဏ်ရာရနေတဲ့ မူစတာဖီနေရာမှာ ရောဘ်ဟိုးဒင်း၊ ချယ်လ်ဆီးကလည်း ဝီလီယံကို ချန်ထားပြီး ပူလီဆစ်ကိုပွဲထုတ်ခဲ့ကြပါတယ်။ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်စဉ်က နည်းဗျူဟာအတိုင်း အာဆင်နယ် တို့အသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့် ပွဲအစပိုင်းမှာတော့ ချယ်လ်ဆီးတို့ကသာ အသာစီးယူကစားသွားပါတယ်။ အာဆင်နယ်နောက်တန်း တားဆီးမှုအားနည်းနေချိန် ပူလီဆစ်၊  မေဆင်မောင့်သ်နဲ့ ဂျရူးတို့ရဲ့ တွဲလုံးကနေ တစ်ဆင့် ပူလီဆစ်က ပွဲချိန်ခြောက်မိနစ်မှာပဲ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကိုအပိုင်ကန်သွင်းယူခဲ့ပါ တယ်။

ပူလီဆစ်ဟာ အာဆင်နယ်နောက်တန်းကို အတော်အလုပ်ရှုပ်စေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း အာဆင်နယ်ကို ဖိအားပေးကစားနိုင်ပေမယ့် ဂိုးရလောက်နိုင်တဲ့အထိတော့ မဖန်တီးနိုင်ခဲ့ပါဘူး၊ ပွဲချိန် ၂၈ မိနစ်အရောက်မှာ‌တော့ အူဘာမီယန်းဘယ်ခြမ်းကနေဘောလုံးပြေးဆွဲလာစဉ် အက်စ်ပီလီကွယ်တာက လိုက်လံဟန့်တားရင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အာဆင်နယ်တို့ပင်နယ်တီရခဲ့တာပါ။ ဒီပင်နယ်တီကို အူဘာမီယန်းကပဲ အမှားအယွင်းမရှိကန်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ချေပဂိုးရခဲ့ပါတယ်။

ဗိုလ်လုပွဲဖြစ်တာကြောင့် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့မှုကြောင့် ပြစ်ဒဏ်ဘောတွေဖြစ်ပေါ်လာ တတ်ပါတယ်။  ပထမပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးအသင်းခေါင်းဆောင်နောက်ခံလူ ဒဏ်ရာရသွားတာကြောင့် လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာတော့ တစ်ဘက်တစ်ဂိုးစီနဲ့ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်းမှာပဲ  ချယ်လ်ဆီးတို့ တန်ပြန်တိုက်စစ်ကနေ ပူလီဆစ်ကန်သွင်းခဲ့ရာမှာ ဘေးထွက်သွားခဲ့ပါတယ်။ ကန်သွင်းဖို့ ဘောလုံးပြေးဆွဲ လာခဲ့တဲ့ အမေရိကန်သား ပူလီဆစ်ဟာ ဘောလုံးဆွဲပြေးပြီး လေးချက်မြောက်ထိချက်မှာဘဲ ပေါင်နောက်ကျော ဒဏ်ရာရရှိသွားခဲ့တာကိုတွေ့ရပြီး ဂိုးကန်သွင်းပြီးတာနဲ့ လဲကျသွားခဲ့တာကြောင့် ပက်ဒရိုနဲ့ လူစားလဲခဲ့ရပါ တယ်။

အဲဒီနောက်ပိုင်းမှာတော့ ချယ်လ်ဆီးတို့ကစားအားလျော့သွားခဲ့သလို နောက်တန်းကလဲအမှားများလာ တယ်။ အာဆင်နယ်တို့ ထိုးဖောက်ကစားလာခဲ့ကာ ၆၆ မိနစ်မှာ ခရစ္စတယ်ဆန် ဖျက်ထုတ်မှုကနေ လျှံထွက်လာတဲ့ ဘောလုံးကို ပေပေက ဘယ်ခြမ်းမှာလွတ်နေတဲ့ အူဘာမီယန်းဆီထိုးပေးလိုက်ရာ မီယန်းက နောက်ခံလူဇူးမားကိုလိမ်ပြီး ဂိုးသမားနဲ့ အတွေ့မှာကျော်ပြီး ကန်သွင်းခဲ့တာကြောင့် ပွဲသိမ်းဂိုးနဲ့ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ နောက် ချယ်လ်ဆီးအသင်းက ကိုဗာချစ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြ လမ်းပတ်တစ်ယောက် ကစာသမားတွေအလဲအလှယ်လုပ်ရင်းကစားခဲ့ပေမယ့် ချယ်လ်ဆီးတို့ အာဆင်နယ်ကို ၂-၁ နဲ့ အရှုံးပေးခဲ့ရတာကြောင့် အာဆင်နယ်ရဲ့ ၁၄ လုံးမြောက် အက်ဖ်အေဖလားကြီးကို   ကိုင်မြှောက်ရယူသွား  ခဲ့ပါတယ်။        

(SO)






အခြားဆက်စပ်သတင်းများ