နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် အလုပ်လက်မဲ့ခံစားခွင့်ပြုထားသည့်ကာလ ကုန်ဆုံး

ဝါရှင်တန်၊ ဩဂုတ် ၂

အလုပ်လက်မဲ့ဖြစ်နေသည့် အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာကို အပတ်စဉ်ပေးအပ်လျက်ရှိသော အလုပ်လက်မဲ့ခံစားခွင့်( အမေရိကန်ဒေါ်လာ ၆၀၀)မှာ  ပြီးခဲ့သည့်သောကြာနေ့က  သက်တမ်းကုန်ဆုံးသွားခဲ့သည်။ အလုပ်လက်မဲ့ ခံစားခွင့်ကာလကို သက်တမ်းတိုးမြှင့်ရန် ပြီးခဲ့သည့်သောကြာနေ့က နောက်ဆုံးထား ဆွေးနွေးရန် သတ်မှတ်ထားသော်လည်း ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီဝင်များကြား သဘောတူညီမှု မရခဲ့ပေ။

ဒီမိုကရက်တစ်ပါတီဝင်များ ထိန်းချုပ်ထားသည့် အောက်လွှတ်တော်က ဘေးဒုက္ခသက်သာလျော့ပါးစေရေးအစီအစဉ်တစ်ရပ် အတည်ပြုခဲ့သော်လည်း ရီပတ်ဗလစ်ကန်ပါတီဝင်အမတ်များမှာ သေးငယ်သည့် အစီအစဉ်ကိုသာ လိုလားလျက်ရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီတွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်နေပြီး အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသည့် အမေရိကန်နိုင်ငံသား သန်း ၃၀ ရှိသည်။ ပြီးခဲ့သည့်ဧပြီလ မှ ဇွန်လကြားကာလအတွင်း အမေရိကန်နိုင်ငံ၏ စီးပွားရေးမှာ နှစ်စဉ်နှုန်း၏ ၃၂.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးကျဆင်းမှုဖြစ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်မတ်လတွင် အမေရိကန်လွှတ်တော်က အမေရိကန်ဒေါ်လာ ၂.၂ ထရီလျံတန်ကြေးရှိသည့် စီးပွားရေးထောက်ပံ့မှုအစီအစဉ် ဖော်ဆောင်ခဲ့ရာ အလုပ်လက်မဲ့ခံစားခွင့် အမေရိကန်ဒေါ်လာ ၆၀၀ ပေးရေးမှာ အဆိုပါအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

KNT






အခြားဆက်စပ်သတင်းများ