နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပတွင် ခိုလှုံနေသည့် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ ခြောက်ဦးကို ဖမ်းဆီးရန် ဟောင်ကောင်ရဲတပ်ဖွဲ့ ကြိုးပမ်းနေ

ဟောင်ကောင်၊ ဩဂုတ် ၁


ဗြိတိန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများတွင် ထွက်ပြေးခိုလှုံနေသည့် ဒီမိုကရေစီလိုလားသော တက်ကြွ လှုပ်ရှားသူ ခြောက်ဦးကို ဖမ်းဆီးနိုင်ရန် ဟောင်ကောင်ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း မီဒီယာများက ဖော်ပြသည်။ ယင်းတို့ခြောက်ဦးတွင် ဗြိတိန်ကောင်စစ်ဝန်ရုံးဝန်ထမ်း ဆိုင်မွန်ချန်း၊ လူသိများထင်ရှားသည့် တက်ကြွလှုပ်ရှားသူ နာသန်လော၊ အမေရိကန်နိုင်ငံသား ဆမ်မြူရယ်ချူတို့ ပါဝင်သည်ဟု ဆိုသည်။ ဟောင်ကောင်မြို့တွင် တရုတ်အစိုးရက ချမှတ်ခဲ့သည့် လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်သည်ဟု သံသယရှိခြင်း ကြောင့် ယင်းတို့ခြောက်ဦးကို အလိုရှိနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့ပြီး ယင်းတို့ ခြောက်ဦးမှာ ပြဿနာရှာသူများဟု မှတ်ချက်ပေးခဲ့သည်။ 

သို့သော် အဆိုပါသတင်းနှင့်ပတ်သက်၍ ဟောင်ကောင်ရဲတပ်ဖွဲ့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ လာမည့်စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် လွှတ်တော်ရွေးကောက်ပွဲများကို တစ်နှစ်ကြာဆိုင်းငံ့ ရန် ဟောင်ကောင်အစိုးရက ပြီးခဲ့သည့်သောကြာနေ့တွင် စီစဉ်ရေးဆွဲခဲ့ပြီးနောက် ယခုကဲ့သို့သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများမြင့်တက်လာခြင်းကြောင့် လွှတ်တော်ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော် ကပ်ရောဂါကို အကြောင်းပြချက်အဖြစ် အသုံးချခြင်းဟု အတိုက်အခံ နိုင်ငံရေးသမားများက စွပ်စွဲခဲ့သည်။ ဟောင်ကောင်အစိုးရ၏လုပ်ရပ်မှာ ဒီမိုကရေစီကို ထိခိုက်စေနိုင်သည်ဟု အိမ်ဖြူတော်က ပြောသည်။                                                                                                         


 KNT






အခြားဆက်စပ်သတင်းများ