နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘော်စတွန်မာရသွန်ပြိုင်ပွဲတွင် ဗုံးထောင်ခဲ့သူအပေါ် သေဒဏ်ချမှတ်မှုကို ပြည်ထောင်စုအယူခံတရားရုံး ပယ်ဖျက်ပေး

ဝါရှင်တန်၊ ဩဂုတ် ၁


၂၀၁၃ ခုနှစ် ဘော်စတွန်မာရသွန်ပြိုင်ပွဲတွင် ပန်းဝင်ရာစည်းအနီး ဗုံးထောင်ခဲ့သည့် ဇိုခါတာနက်ဗ်အပေါ် သေဒဏ်ချမှတ်မှုကို ပြည်ထောင်စု အယူခံတရားရုံးက ပယ်ဖျက်ပေးခဲ့သည်။ ဇိုခါတာနက်ဗ်နှင့် ယင်း၏အစ်ကို တာမာလန်းတို့မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်က ဘော်စတွန်မာရသွန်ပြိုင်ပွဲ ပန်းဝင်ရာစည်းအနီးတွင် ယင်းတို့ကိုယ်တိုင် ပြုလုပ်ထားသည့် ဗုံးများကို ထောင်ထားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် ဇိုခါတာနက်ဗ်ကို သေဒဏ်ချမှတ်ရန် ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။ သို့သော် ဇိုခါတာနက်ဗ်၏အမှုကို ကိုင်တွယ်ခဲ့သည့် ခရိုင်တရားသူကြီးမှာ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဂျူရီအဖွဲ့ဝင်များကို နှံ့နှံ့စပ်စပ် မေးမြန်းမည်ဆိုသည့် ကတိပေးချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိဟု အယူခံတရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဇိုခါတာနက်ဗ်ကို သေဒဏ်ချမှတ်သင့်ခြင်း ရှိ၊ မရှိဆိုခြင်းကို ဂျူရီအဖွဲ့ဝင်သစ်များဖြင့် ပြန်လည်ဆုံးဖြတ်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

ထို့အပြင် ဇိုခါတာနက်ဗ်အပေါ် ချမှတ်ထားသည့် စီရင်ချက် ၃၀ အနက် ၃ ခုကိုလည်း  ပြည်ထောင်စုတရားရုံးက ဖယ်ရှားပေးခဲ့သည်။ သို့သော် ယင်းအနေဖြင့် ဘဝတစ်သက်လုံး ပြည်ထောင်စုအကျဉ်းထောင်တွင် အကျဉ်းကျ ခံရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အသက် ၂၇ နှစ်ရှိသည့် ဇိုခါတာနက်ဗ်မှာ အမေရိကန်နိုင်ငံ၏လုံခြုံရေး အမြင့်ဆုံး ပြည်ထောင်စုအကျဉ်းထောင်ဖြစ်သည့် ကော်လိုရာဒိုပြည်နယ်၊ ဖလော်ရင့်မြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။ တစ်ဦးက ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ