နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား

ဟနွိုင်း၊ ဩဂုတ် ၁


ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာတွင် လူသေဆုံးမှုမရှိခဲ့ခြင်းကြောင့် ဂုဏ်ယူစရာဖြစ်ခဲ့သည့် ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ ဗီယက်နမ် နိုင်ငံအလယ်ပိုင်း ဟွိုင်အန်မြို့တွင် နေထိုင်သည့် အသက် ၇၀ အရွယ် အမျိုးသားဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

သေဆုံးသူမှာ နှလုံးရောဂါ၊ ကျောက်ကပ်ကင်ဆာ၊ သွေးတိုးရောဂါ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရချိန်တွင် ခံစားရသည့် အခြားရောဂါများကြောင့် သေဆုံးခဲ့ခြင်းဟု ကုသရေးဆပ်ကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလောင်ငိုကူးက ပြောသည်။ အစောပိုင်းတွင် ဗီယက်နမ်မီဒီယာများက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သော်လည်း မီဒီယာအများစုက အချိန်တိုအတွင်း ယင်းတို့၏ပို့စ်များကို ပြန်ဖျက်ခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အမျိုးသားဦးဆောင်ကော်မတီက အဆိုပါသတင်းကို အတည်ပြုပြီးတော့မှသာ ဗီယက်နမ်မီဒီယာများတွင် အဆိုပါသတင်းကို တစ်ကျော့ပြန် ဖော်ပြခဲ့သည်။ 

၉၉ ရက်ကြာ ကာလအတွင်းကူးစက်မှုသစ် မဖြစ်ပွားခဲ့သည့် ဗီယက်နမ်နိုင်ငံမှာ ယခုရက်သတ္တပတ် အစောပိုင်းတွင် ဒါနန်မြို့နှင့်ဆက်နွှယ်ပြီး ကူးစက်မှုသစ်များ ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၂၅ ရက်နောက်ပိုင်း ဒါနန်မြို့နှင့်ဆက်နွှယ်နေသည့် လူနာသစ် ၉၃ ဦး တွေ့ရှိခဲ့ခြင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၀၉ ဦး အထိ ရှိလာခဲ့သည်။  လူဦးရေ ၉၅ သန်းရှိသည့် ဗီယက်နမ်နိုင်ငံမှာ ယင်းတို့နိုင်ငံတွင် အတည်ပြုလူနာမတွေ့သေးမီကတည်းက (အိမ်ပြန်လာမယ့် နိုင်ငံသားတွေအတွက်ကလွဲပြီး) နယ်စပ်များကို ပိတ်ပစ်ခဲ့သည်။ 

နိုင်ငံထဲ ဝင်ရောက်လာမည့်သူအားလုံးကို အစိုးရကွာရန်တင်းစင်တာတွင် ၁၄ ရက်နေခိုင်းပြီး ရောဂါ စစ်ဆေးမှုလုပ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံက အသွားအလာ ကန့်သတ်ရေးစည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်း၊ ထိတွေ့မှုရာဇဝင် ခြေရာခံစောင့်ကြည့်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်း ကြောင့် ပြီးခဲ့သည့် ဧပြီလလယ်ကစပြီး ၉၉ ရက်တိုင်တိုင် ဒေသတွင်းကူးစက်မှုသစ် မတွေ့ရှိခဲ့ပေ။ ဒါနန်မြို့တွင် ဒေသတွင်းကူးစက်မှုများ မည်ကဲ့သို့ဖြစ်ပွားခဲ့သည်ဆိုခြင်းကို တိတိကျကျ မသိရသေးပေ။                       


 KNT






အခြားဆက်စပ်သတင်းများ