နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်သန့်ဆေးရည်များ သောက်ခြင်းကြောင့် အရက်စွဲနေသူ ၁၀ ဦး သေဆုံး

နယူးဒေလီ၊ ဩဂုတ် ၁


အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ရွာတစ်ရွာတွင် ယမကာဆိုင်များ ပိတ်ထား၍ အရက်ကို အဓိကအသုံးပြုဖော်စပ်ထားသည့် လက်သန့်ဆေးရည်များ သောက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်။ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခဲ့ပြီးနောက် ကူရီချီဒူရွာကို ပိတ်ဆို့မှု ချမှတ်ခဲ့သည်။

သေဆုံးခဲ့သူများမှာ လက်သန့်ဆေးရည်များကို ရေ၊ အချိုရည်များဖြင့် ရောစပ်သောက်သုံးခဲ့ကြသည်ဟု ခရိုင်ရဲမှူးချုပ် ကူရှယ်က ပြောသည်။ သေဆုံးသူများမှာ အရက်စွဲနေသူများဖြစ်ပြီး လက်သန့်ဆေးရည်ကို ၁၀ ရက်ကြာ သောက်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဟု ယင်းက ဆိုသည်။ '' လက်သန့်ဆေးရည်ထဲမှာ တခြားအဆိပ်သင့် ပစ္စည်း ပါသလားဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်''ဟု ကူရှယ်က ပြောသည်။ 

ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုလုပ်ရန် လက်သန့်ဆေးရည် နမူနာများ ပေးပို့ခဲ့သည်ဟု ဆိုသည်။ အိန္ဒိယပြည်ထောင်စုအစိုးရက စီးပွားရေး ပြိုလဲမှုမဖြစ်စေရန်အတွက် စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယခုရက်သတ္တပတ်အစောပိုင်းတွင် ယောဂသင်တန်းများနှင့် ကိုယ်လက် လေ့ကျင့်ရေးခန်းမများကို ပြန်ဖွင့်ပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် အချို့ပြည်နယ်များတွင် ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေ၍ ပိတ်ဆို့မှုစည်းမျဉ်းများ ဆက်လက်ထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်တွင် ပြီးခဲ့သည့်လအတွင်း အတည်ပြုလူနာ ၉ ဆအထိ မြင့်တက်ခဲ့သည်။   


KNT






အခြားဆက်စပ်သတင်းများ