နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ်တူဂီနိုင်ငံတွင် အမြန်ရထားလမ်းချော်၍ လူနှစ်ဦး သေဆုံး

လစ္စဘွန်း၊ ဩဂုတ် ၁


ပေါ်တူဂီနိုင်ငံ ကွိုင်ဘရာခရိုင်တွင် အမြန်ရထားတစ်စီး လမ်းချော်ခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၃၀ ဒဏ်ရာရခဲ့သည်။ လစ္စဘွန်းမြို့မှ ဘရာဂါမြို့သို့ ဦးတည်ခုတ်မောင်းနေသည့် အဆိုပါရထားမှာ ကွိုင်ဘရာနှင့် ပေါ်တိုမြို့များတွင် ရပ်နားရမည်ဖြစ်သည်။ သို့သော် ဇူလိုင်လ ၃၁ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲက ဆူရီမြို့တွင် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးစက်ပစ္စည်းကို ဝင်တိုက်မိခဲ့သည်။ အဆိုပါ မတော်တဆမှုတွင် အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုများနှင့် မိတ်ဆွေများအတွက် ဝမ်းနည်းကြေကွဲရသည်ဟု သမ္မတ ဒီဆူဆာက ပြောသည်။ ပေါ်တူဂီနိုင်ငံတွင် အမြန်ဆုံးဖြစ်သည့် Alfa Pendular ရထားပေါ်တွင် ခရီးသည် ၂၄၀ လိုက်ပါလာသည်ဟု ဆိုသည်။ 

'' ၁၀ စက္ကန့်၊ ၁၅ စက္ကန့်လောက်ကြာမှ ရထားတွဲ ရပ်တန့်သွားတာပါ။ ရထားတွဲတွေထဲမှာ ဖုန်တွေချည်းပဲ။ ရထားတွဲတံခါးတွေပျက်စီးကုန်လို့ ကျွန်တော်တို့ ရထားတွဲထဲမှာ ပိတ်မိနေတယ်။ တစ်ယောက်ယောက်က ရထားတွဲတံခါးကို ဖျက်ပေးလိုက်တော့မှ ကျွန်တော်တို့ ထွက်လို့ရခဲ့တာပါ''ဟု အဆိုပါဖြစ်ရပ်တွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။

KNT






အခြားဆက်စပ်သတင်းများ