နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ILO ၏ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ခြင်းကို လာမည့် ၂၀၂၁ နှစ်ဝက်လတွင် စတင်ကျင့်သုံးမည်

ရန်ကုန်၊ ဩဂုတ် ၁


 မြန်မာနိုင်ငံအနေဖြင့် ILO (international labour organization) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက် ၁၃၈ ကို လိုက်နာကျင့်သုံးရန် အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဋ္ဌာန်းချက်ကို ယခုနှစ် ဇူလိုင် ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လာမည့်် ၂၀၂၁ ခုနှစ် ဇွန် ၈ ရက်ကစပြီး လိုက်နာကျင့်သုံးရမည်ဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံအနေနှင့် ကလေးသူငယ်အခွင့်အရေး ဥပဒေနှင့် တည်ဆဲအလုပ်သမားဥပဒေများ၏ ပြဋ္ဌာန်းချက်များအရ အလုပ်လုပ်နိုင်သည့်အနိမ့်ဆုံး အသက်ရွယ် မှာ ၁၄ နှစ် ဖြစ်ပြီး ကွန်ဗင်းရှင်း ၁၃၈ အရ  နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် ပညာရေးဆိုင်ရာအထောက်အပံ့များ လုံလောက်စွာ ဖွံ့ဖြိုးမှု မရှိပါက အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့်တိုင်ပင်ကာ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်ကို ၁၄ နှစ်မှ စတင်နိုင်ကြောင်း သိရသည်။

သို့ရာတွင် အသက် ၁၄ နှစ်အောက် ကလေးများကို လုပ်ငန်းခွင်များတွင် အလုပ်ခိုင်းစေခြင်းများ မပြုလုပ် ကြရန် အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းရှင်များထံ သတိပေး ထားသည်။                  ၁၄ နှစ်အောက် ကလေးငယ်များကို လုပ်ငန်းခွင်များတွင် ခိုင်းစေပြုလုပ်မှု စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်၊ ငွေဒဏ် ၂ ရပ်လုံးကိုကျခံရမည့် အခြေအနေရှိကြောင်း အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သည့် အငယ်ဆုံးအသက်အရွယ်က ၁၄ နှစ်ဖြစ်ပြီး ၁၄ နှစ်အောက် ကလေးသူငယ်များကို မည်သည့် လုပ်ငန်းခွင်များတွင်မှ အလုပ်ခိုင်းစေခွင့်မရှိကြောင်း၊ ခိုင်းစေပါက  ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေများနှင့် အရေးယူနိုင်သည့်အတွက် မခိုင်း စေကြရန်  ILO အဖွဲ့က အသိပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် COVID - 19 ဂယက်ကြောင့် အလုပ်လက်မဲ့များလာသည့် အခြေအနေတွင် ရှိကြောင်း၊ ယင်းအပေါ်တွင်လည်း ကလေးသူငယ်များက လုပ်သားအဖြစ်သို့ ရောက်ရှိနိုင်ချေ မြင့်မားလာ နိုင်ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားဦးရေ ၁၂ သိန်း ခန့်ရှိပြီး ထိုအထဲတွင် ၆ သိန်းကျော်မှာ အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေခြင်းများ ရှိကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ