နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံတွင် Online ဖြင့်ကျင်းပပြုလုပ်သွားမည့် Singapore Specialty Coffee Online Auction 2020ကော်ဖီလေလံပွဲတွင် မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအခမဲ့ဝင်ရောက်ပြသရောင်းချနိုင်

ရန်ကုန်    ဩဂုတ်   ၁


         စင်ကာပူနိုင်ငံတွင် Online ဖြင့် ကျင်းပပြုလုပ်သွားမည့်   Singapore Specialty  Coffee Online Auction 2020 ကော်ဖီလေလံပွဲတွင် မြန်မာနိုင်ငံမှကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အခမဲ့       ဝင်ရောက်ပြသရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ သတင်းများအရ သိရသည်။ အဆိုပါOnlineဖြင့်ကျင်းပပြုလုပ်သွားမည့် Singapore Specialty  CoffeeOnlineAuction2020ကော်ဖီလေလံပွဲကို စင်ကာပူနိုင်ငံရှိ စင်ကာပူကော်ဖီအသင်း (Singaopre Coffee Association)မှ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အွန်လိုင်း(Zoom)ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

     အဆိုပါကော်ဖီအွန်လိုင်းလေလံပွဲတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအနေနှင့် အခကြေးငွေပေးသွင်း ရန်မလိုဘဲ လျှောက်လွှာတင်သွင်းကာ ဝင်ရောက်ပြသရောင်းချနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ဝင်ရောက်ပြသရောင်းချလိုသူများအနေနှင့် စင်ကာပူကော်ဖီအသင်း(Singapore Coffee Association-SCA)သို့ ကော်ဖီစေ့ အစိမ်း(၃၃)ကီလိုဂရမ်ကို နမူနာပေးပို့ရမည်ဖြစ်သည်။ နမူနာကော်ဖီစေ့အစိမ်းများမှ ကော်ဖီစိမ်းသုံးကီလို ဂရမ်အားလှော်ခြင်း၊ အရည်အသွေးအဆင့်အတန်းသတ်မှတ်ခြင်း၊ ကော်ဖီအရသာမြည်းစမ်းခြင်းနှင့် အမှတ်ပေးခြင်းပြုလုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၉ ရက်  အရောက်ပေးပို့ရမည်ဖြစ်ပြီး လေလံပွဲတွင် ရောင်းချရန်အတွက် ကော်ဖီစေ့အစိမ်း ကီလိုဂရမ် ၃၀ ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ၆ ရက် အရောက်ပေးပို့ကြရမည်ဖြစ်သည်။ 

    အဆိုပါကော်ဖီလေလံရောင်းချရငွေများကို စင်ကာပူကော်ဖီအသင်း(Singapore Coffee Association-SCA)၏ ကုန်ကျစရိတ်ကာမိစေရန် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။  အဆိုပါအွန်းလိုင်ကော်ဖီလေလံပွဲ တွင် ကော်ဖီအတွဲပေါင်း၄၀တွဲအထိသာ လေလံတင်ရောင်းချသွားရန်သတ်မှတ်ထားပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံတစ်နိုင်ငံမှ လေးတွဲအထိသာပါ၀င်ပြသနိုင်မည်ဖြစ်သည်။ အဆိုပါလေလံပွဲသို့ မြန်မာနိုင်ငံအပါ အဝင်နိုင်ငံတကာမှ လေလံဆွဲသူ(၀ယ်သူ)၂၀၀ခန့်ကို ဖိတ်ခေါ်ထားသဖြင့် မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအနေဖြင့် မိမိ၏ကုန်ပစ္စည်းအရည်အသွေးကိုကြော်ငြာ၍ စျေးကွက်တိုးချဲ့ရှာဖွေနိုင်ရန် နှင့် ပါ၀င်ပြသနိုင်ရန်သတင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အဆိုပါ အွန်လိုင်းကော်ဖီလေလံပွဲတွင် ပါ၀င်ပြသမည်ဆိုပါက Amanda Ng(Ms.)၊ Executive Secretary၊ Singapore Coffee Association၊18SinMing Lane,=02-08,Midview City,Sing-apore573960 ၊Website;www.singaporecoffee.org၊Tel;+6569779857သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။  

                                                                                                                                           

ကိုသာစစ်






အခြားဆက်စပ်သတင်းများ