နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်ရေးလိုငွေပြမှုသိသိသာသာ လျော့ကျလာခဲ့

နေပြည်တော် ဩဂုတ် ၁


ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်ရေးလိုငွေပြမှုသိသိသာသာလျော့ကျလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနသတင်းများအရသိရသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတက်လာစေရေးအတွက်  ဆောင်ရွက်ရာတွင်အဆိုပါနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိရန်လိုအပ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့်ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိနှင့်အစိုးရကဏ္ဍများမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးပေးဆောင်ရွက်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုများအရယခု (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ၌ ပုဂ္ဂလိကကဏ္ဍမှ(၈၂)ရာခိုင်နှုန်းအထိ ဆောင်ရွက်လာနိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်လာနိုင်သဖြင့်မြန်မာ နိုင်ငံ၏ကုန်သွယ်မှုပမာဏမှာလည်း မြင့်တက်လာခဲ့ပြီးကုန်သွယ်ရေးလိုငွေပြမှုမှာလည်း သိသိသာသာ လျော့ ကျလာခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနသတင်းများအရ မြန်မာနိုင်ငံ၏ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများမှာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ(၃၃ ဒသမ ၅၃)ဘီလီယံ၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ (၃၅ ဒသမ ၉၈) ဘီလီယံနှင့်ယခု(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ထိခိုက်မှုများဖြစ်ပေါ်နေခဲ့သော်လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်ဇွန်လအထိအမေရိကန်ဒေါ်လာ(၂၈ ဒသမ ဝ၃၂)ဘီလီယံ အထိဆောင်ရွက်နိုင်ခဲ့ ကြောင်းသိရသည်။

ထို့သို့ကုန်သွယ်မှုပမာဏမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေသကဲ့သို့ ကုန်သွယ်ရေးလိုငွေပြမှု မှာလည်းတစ်နှစ်ထက်တစ်နှစ်လျော့ကျလာခဲ့သည်။ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ (၅ ဒသမ ၃၃) ဘီလီယံရှိနေခဲ့ရာမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၆၉) ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။ ယခု (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင်လည်းဘဏ္ဍာနှစ်မကုန်သေးသော်လည်း ၂၀၁၉ ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်ဇွန်လအထိ (၉) လတာကာလအတွင်း ပို့ကုန်ကဏ္ဍတွင်အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၁၂၈)ဘီလီယံနှင့် သွင်းကုန်ကဏ္ဍတွင်အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၉၀၄) ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်ရေး လိုငွေပြမှုမှာအမေရိကန်ဒေါ်လာ(၁ ဒသမ ၇၇၆)သာရှိနေခဲ့သည်။ လက်ရှိတွင်နိုင်ငံတော်အနေ နှင့်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုဖွဲ့စည်းဆောင်ရွက်ကာ  ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီငါးရပ်ဖွဲ့စည်းဆောင်ရွက်နေကြောင်းသိရသည်။

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ