နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီ ဖန်တီပေးနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကိန်းလေးခုဖော်ဆောင်မည်

ရန်ကုန် သြဂုတ် ၁ 


ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း သောင်းနှင့်ချီ ဖန်တီးပေးနိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ စီမံကိန်းကြီးလေးခုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် Covid-19 ကြောင့်အလုပ်လက်မဲ့ဖြစ်သွားသူများ၊ ပြည်တော်ပြန် များအပါအဝင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း သောင်းနှင့်ချီဖန်တီးပေးနိုင်ရန်အတွက် ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းစီမံကိန်း၊ ရန်ကုန်မြို့အပြင် ပတ်လမ်းအရှေ့ခြမ်း စီမံကိန်းနှင့် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းဖြစ်သည့် ဘန်ကောက်-ရန်ကုန်-သီလဝါကို ဆက်သွယ် မည့် ပဲခူး - ကျိုက်ထိုအမြန်လမ်းသစ်စီမံကိန်းတို့ကိုလာမည့် နှစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်ပြင်ဆင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက အဓိကစီမံကိန်းလေးခု ဖော်ဆောင်ဖို့ ပြင်နေတယ် ၊ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကတော့ မကြာခင် တင်ဒါရွေးတော့မှာ ၊ ဒီစီမံကိန်းလေးခုမှာ နှစ်ခုက ပုဂ္ဂလိကနဲ့ပူးပေါင်းပြီးဆောင်ရွက်မယ်၊ နှစ်ခုက ဖွံ့ဖြိုးရေးချေးငွေအတိုးမဲ့/အတိုးနည်း ချေးငွေနဲ့ လုပ်မှာပါ။၊ အဓိက စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်နဲ့ အလုပ်အကိုင်တွေပေးနိုင်အောင်လို့။  JICA နဲ့ အသေးစိတ်လုပ်နေတယ်။ မကြာခင်တင်ဒါခေါ်ဖို့ လုပ်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

 ပုဂ္ဂလိကကဏ္ဍဖြင့်ပူးပေါင်းဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီးမံကိန်းအတွက် ကန်ဒေါ်လာသန်း ၈၀ဝ၊ နိုင်ငံတကာအဆင့်အဆင့်မြှင့်တင်မည့် ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၉၀ဝ နှင့် ၁၀ဝ၀ ကြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မည်ဟု မျှော်မှန်းထားပြီးဖွံ့ဖြိုးရေးချေးငွေနှင့်ဆောင်ရွက်မည့် ရန်ကုန်မြို့အပြင်ပတ်လမ်းအရှေ့ခြမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၅၀ဝ မှန်းထားကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ