နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ထပ်မံတိုးမြှင့်

ရန်ကုန်၊ ဩဂုတ် ၁


လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ ထပ်မံတိုးမြှင့်လိုက်ကြောင်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ 

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်းကို လာမည့် ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်နားခြင်းကို ထပ်မံတိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင်  ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲ ပျံသန်းမှုများကို ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ခရီးသွားများအနေဖြင့်လည်း   COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက်  လေဆိပ်အတွင်း ချမှတ်ထား  သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။                      

     

(NWA)






အခြားဆက်စပ်သတင်းများ