နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်ဒေါ်လာ သန်းနှစ်ရာကျော်တန်ဖိုးရှိ စက်မှုစီမံကိန်းလုပ်ငန်းအပါအဝင် လုပ်ငန်း ၇ ခု ခွင့်ပြု

ရန်ကုန်    ဩဂုတ်  ၁


အမေရိကန်ဒေါ်လာ ၂၃၀ ဒသမ ၆၀ သန်းရှိ လှည်းကူးစက်မှု ဥယျာဉ်မြို့တော် စီမံကိန်း လုပ်ငန်းအပါအဝင် လုပ်ငန်း ၇ ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၇)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ်(၇)ခုကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၄၆၂ ဒသမ ၆၉၃) သန်းနှင့် ကျပ် (၇၃,၂၀၆ ဒသမ ၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃,၆၆၂)နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ 

ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀ ဒသမ ၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၈၀) သန်း ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀ဝ) ကျော် ဖန်တီးပေး နိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကအများဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး နိုင်ငံ ၊ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင်      စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း အများဆုံးရင်းနှီးမြှုပ်နှံထားသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ