နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်၌ အတည်ပြု

နေပြည်တော်    ဩဂုတ်    ၁ 


 ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သောဥပဒေကြမ်းကို ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ် သောအမျိုးသားလွှတ်တော် အစည်းအဝေးမှ ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း သိရသည်။

တပ်မတော်သားများ ပြစ်မှုကျူးလွန်ပြီးနောက် သုံးနှစ်အတွင်းအရေးမယူနိုင်လျှင် စစ်ဆေးခွင့်မရှိသည်ဟုဆိုသောမူလပြဋ္ဌာန်းချက်တွင်အချိန်ကာလသတ်မှတ်ချက် ထပ်တိုးရန်ဆိုသည့် ပြင်ဆင်ချက်ပါဝင်သောဥပဒေကြမ်းကိုဇူလိုင်လ ၁၅ ရက်က တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံဖြည့်စွက်ချက်အတွင်း တရားခံမည်သူဖြစ်ကြောင်း စတင်ပြီးသိသောနေ့မှသာ သုံးနှစ်ဆိုသည့် အချိန် ကာလကိုစတင်ရေတွက်ရန်အချက်ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပုဒ်မနှင့် အကျုံးဝင်သော ပြစ်မှုများတွင်စစ်ပြေးမှု၊ လိမ်လည်လှည့်ဖျားပြီးစစ်မှုထမ်းအဖြစ် စာရင်းသွင်းမှု၊ စစ်ပုန်ကန်မှု စသည်တို့ မပါဝင်ကြောင်း သိရသည်။                                       


  မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ