နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလွန်တုပ်ကွေးနှင့်COVID-19ရောဂါကာကွယ်နှိမ်နင်းရေးဆောင်ရွက်

ရန်ကုန် ဇူလိုင် ၃၁

ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့ (ပြည်သူ့ကျန်းမာရေး)ကဇူလိုင်လ ၂၉ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၀)ရပ်ကွက် တွင်ရပ်ကွက်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးရေးလှုပ်ရှားမှုဆောင်ရွက်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၂)ရပ်ကွက် ဆရာစံလမ်း၊ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် တရုတ်ဘုံကျောင်းလမ်းနှင့် ဘုရားကြီးလမ်းတို့တွင် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး သွန် လဲ စစ် ဆောင်ရွက်ခြင်း၊ ရွှေပြည်သာမြို့နယ် နဝရတ်စျေး၊ လှိုင်သာယာမြို့နယ် အမှတ်(၅)စျေး၊ မင်္ဂလာတောင်ညွန်ုမြို့နယ် ကြက်ဘဲစျေး၊ သိမ်ဖြူစျေးနှင့်အမဲစျေး တို့တွင် COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရန်အသိပညာပေးခြင်း၊အင်းစိန်မြို့နယ် စျေးကုန်းအရှေ့နှင့်စျေးကုန်းအနောက်ရပ်ကွက်တို့တွင် ကျန်းမာရေးအသိပညာပေးခြင်း၊ စမ်းချောင်းမြို့နယ်အတွင်းစားသောက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ