နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိဒ်စ်နေ့မတိုင်မီညနေတွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦး သေဆုံး

ကာဘူးလ်   ဇူလိုင်    ၃၁


အာဖဂန်နစ္စတန်နိုင်ငံ လိုဂါပြည်နယ်၌ ပြင်းထန်သည့် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့သည်။ အိဒ်စ်ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲသည်ဟု တာလီဘန်အဖွဲ့က ကြေညာခဲ့ပြီးနောက် ညနေပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့လက်ချက်မဟုတ်ဟု တာလီဘန်အဖွဲ့က ငြင်းဆန်ထားသည်။ သို့သော် IS အဖွဲ့က မှတ်ချက်တစ်စုံတရာပေးခြင်းမရှိသေးပေ။ အဆိုပါတိုက်ခိုက်မှုမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ဖွယ်ရှိသည်ဟု လိုဂါပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ လာဝမ်က ပြောသည်။ လူအများအပြားက အိဒ်စ်နေ့ပွဲတော်အတွက် ဈေးဝယ်ထွက်နေစဉ် လိုဂါပြည်နယ်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တာလီဘန်နှင့် အာဖဂန်နစ္စတန်အစိုးရမှာ အိဒ်စ်နေ့ပွဲတော် စတင်ကျရောက်သည့် ဇူလိုင်လ ၃၁ ရက်မှစတင်၍ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသည်။ 

ထာဝရအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်နေကြသော်လည်း အကျဉ်းသားလဲလှယ်ရေးကိစ္စရပ်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှောင့်နှေးကြန့်ကြာခဲ့သည်။ အစိုးရလုံခြုံရေးအဖွဲ့ဝင် ၁၀၀၀ ပြန်လည်လွတ်မြောက်ရေးအတွက် အာဖဂန်နစ္စတန်အစိုးရက တာလီဘန်အကျဉ်းသား ၅၀၀၀ လွှတ်ပေးမည်ဟု သဘောတူညီခဲ့သည်။ လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်အစိုးရက တာလီဘန်အကျဉ်းသား ၄၄၀၀ ကျော် လွှတ်ပေးခဲ့ပြီးပြီဟု တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့ကြောင့် ယင်းတို့အဖွဲ့ ဖမ်းဆီးထားသည့် အစိုးရတပ်ဖွဲ့ဝင် ၁၀၀၅ ဦးကို လွှတ်ပေးမည်ဟု ဆိုသည်။                                             

KNT






အခြားဆက်စပ်သတင်းများ