နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်(တိုင်ပေ)၏ ဒီမိုကရေစီဖခင်ကြီး ကွယ်လွန်

ဘေဂျင်း     ဇူလိုင်    ၃၁


တရုတ် ( တိုင်ပေ)၏ ဒီမိုကရေစီဖခင်ကြီးဟု သတ်မှတ်ခံထားရသည့် တရုတ်( တိုင်ပေ) သမ္မတဟောင်း လီတန်းဟွာမှာ အသက် ၉၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ လီတန်းဟွာမှာ ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တရုတ် (တိုင်ပေ)သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လီတန်းဟွာမှာ အကြွင်းမဲ့အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဗဟုဝါဒနှင့် ဒီမိုကရေစီကို လမ်းဖွင့်ပေးခဲ့သူဟု သတ်မှတ်ထားကြသည်။ သို့သော် ယင်း၏လုပ်ရပ်အချို့ကို ဝေဖန်မှုများ ရှိခဲ့သည်။ တရုတ် ( တိုင်ပေ)ကျွန်းကို တရုတ်နိုင်ငံနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ကြိုးပမ်းသည့် ယင်း၏ ကြိုးပမ်းမှုများကြောင့် တရုတ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်စေခဲ့သည်။ တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကို ယင်းတို့၏ ပိုင်နက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းအောင် လုပ်ဆောင်မည်ဟု ဆိုသည်။

ခြောက်လနီးပါး ဆေးရုံတက်ခဲ့ရသည့် လီတန်းဟွာသည် ပြီးခဲ့သည့်ကြာသပတေးနေ့က သွေးဆိပ်တက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအများအပြား ရပ်တန့်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။ လီတန်းဟွာသည် ၁၉၈၈ ခုနှစ်က ချန်းချင်ကွာ သေဆုံးခဲ့ပြီးနောက် သမ္မတဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်က တရုတ်(တိုင်ပေ)တွင် ပထမဆုံးအကြိမ် ကျင်းပသည့် သမ္မတရွေးကောက်ပွဲ တရုတ်(တိုင်ပေ)လူထုက တိုက်ရိုက်ခန့်အပ်ခွင့်ရသည့် ရွေးကောက်ပွဲ)တွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီး သမ္မတအဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရခဲ့ သည်။                 


KNT






အခြားဆက်စပ်သတင်းများ