နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရန် စီစဉ်နေသည်ဟုဆိုကာ ရုရှားကြေးစားစစ်သည်ဟု သံသယရှိသူ ၃၃ ဦးကို ဘီလာရုစ်နိုင်ငံတွင် ဖမ်းဆီး

မင့်စ်    ဇူလိုင်    ၃၁


သြဂုတ်လ ၉ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်တိုက်ခိုက်ရန် အကွက်ချစီစဉ်နေသည်ဆိုသော ရုရှားကြေးစားစစ်သည်ဟု သံသယရှိသူ ၃၃ ဦးကို ဘီလာရုစ်နိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ယခုကဲ့သို့ ဖမ်းဆီးမှုများအတွက် ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်ဟု ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယင်းအနေဖြင့် အကွက်ချစီစဉ်မှု သို့မဟုတ် ဝက်ဂ်နာပြည်သူ့စစ်အဖွဲ့နှင့်ပတ်သက်၍ မသိကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့က ပြောသည်။ သို့သော် အကြမ်းဖက်တိုက်ခိုက်မည့် အကွက်ချစီစဉ်မှုတွင် ရုရှားနိုင်ငံ၏ ဝက်ဂ်နာပြည်သူ့စစ်အဖွဲ့ ပါဝင်နေသည်ဟု ဘီလာရုစ်နိုင်ငံက သံသယရှိနေသည်။ 

၁၉၉၄ ခုနှစ်ကတည်းက သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသည့် လူကာရှန်ကိုက လာမည့်ရွေးကောက်ပွဲတွင် ၆ ကြိမ်မြောက် သက်တမ်းအတွက် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။ ဘီလာရုစ်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည့် လူကာရှန်ကိုက တစ်ကျော့ပြန်ရွေးကောက်ခံမည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အတိုက်အခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ရုရှားနိုင်ငံက ဘီလာရုစ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ရုရှားကြေးစားစစ်သည်ဟု သံသယရှိသူ ၃၃ ဦးအပြင် ဘီလာရုစ်နိုင်ငံ၏ ဝါရင့်အတိုက်အခံနိုင်ငံရေးသမား စတက်ကီဗစ်ချ်မှာလည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။    


KNT






အခြားဆက်စပ်သတင်းများ