နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ဒေါ်နယ်ထရမ့် အကြံပြု

ဝါရှင်တန်    ဇူလိုင်    ၃၁


စာတိုက်မှတစ်ဆင့် မဲပေးမှုများပြားလာခြင်းကြောင့် မဲမသမာမှုများ၊ မဲရလဒ်မတိကျမှုများ ဖြစ်ပေါ်လာ နိုင်သည့်အတွက် လာမည့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ဒေါ်နယ်ထရမ့်က အကြံပြုခဲ့သည်။ လူအများအနေဖြင့် သင့်တင့်လျှောက်ပတ်စွာဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ မဲပေးနိုင်ချိန်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်သည်ဟု ဆိုသည်။ 

သို့သော် ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို အထောက်အပံ့ဖြစ်စေမည့် သက်သေအထောက်အထား မတွေ့ရသေးပေ။ သို့သော် ဒေါ်နယ်ထရမ့်မှာ စာတိုက်မှတစ်ဆင့် မဲပေးမှုကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး မဲမသမာမှု ဖြစ်စေနိုင်သည်ဟု ပြောခဲ့ဖူးသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အများပြည်သူကျန်းမာရေးစိုးရိမ်ရခြင်းကြောင့် အမေရိကန်ပြည်နယ်များက စာတိုက်မှ မဲပေးမှုများကို ပိုမိုလွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုလားနေသည်။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေအရ ‌ဒေါ်နယ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲကို ကိုယ့်သဘောဖြင့်ကိုယ် ဆိုင်းငံ့ခွင့်မရှိပေ။ ရွေးကောက်ပွဲကို ဆိုင်းငံ့လိုလျှင် လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။ သမ္မတ အနေဖြင့် လွှတ်တော်နှစ်ရပ်ကို ကျော်ဖြတ်၍ တိုက်ရိုက်ညွှန်ကြားပိုင်ခွင့်မရှိပေ။ ''ပြည်ပနိုင်ငံတွေက မဲပေးမှုကို လွှမ်းမိုးကြလိမ့်မယ်လို့ ဒီမိုကရက်တစ်တွေက ပြောကြတယ်။ ဒါပေမဲ့ စာတိုက်ကနေ မဲပေးတာက ပြည်ပနိုင်ငံတွေအတွက် ဝင်ရောက်လွှမ်းမိုးဖို့ အလွယ်ကူဆုံးနည်းလမ်းပဲဆိုတာ သူတို့ သိပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ပြီးခဲ့သည့်ဇွန်လတွင် နယူးယော့ခ်ပြည်နယ်က ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲအတွက် ပါတီတွင်းမဲပေးပွဲတွင် စာတိုက်မှတစ်ဆင့် မဲပေးခွင့်ပြုခဲ့သည်။               


KNT






အခြားဆက်စပ်သတင်းများ