နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသေ/ဒဏ်ရာရဖြစ်ခဲ့ရသည့် ယာဉ်တိုက်မှုမှ ယာဉ်မောင်းကိုထိရောက်စွာ ပြစ်ဒဏ်ပေးနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကျိုက်မရော ဇူလိုင် ၃၁


လူသေ/ဒဏ်ရာရ/ ခန္ဓာကိုယ်အောက်ပိုင်းသေဖြစ်ခဲ့ရသည့် ယာဉ်တိုက်မှုမှယာဉ်မောင်းကိုထိရောက် စွာပြစ်ဒဏ်ပေးနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့မရဲစခန်းယာဉ် (ပ) ၁၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၂၇၉/ ၃၃၇ /၃၃၈ /၃၀၄ - က အမှုမှယာဉ်တိုက်မှုဖြစ်၍သေဆုံး / ဒဏ်ရာရသူများ၏ မိသားစုဝင်နစ်နာသူများက အမှုမှန်ပေါ်ပေါက် ရေးနှင့်ပြစ်မှုကျူးလွန်သူအား တရားဥပဒေအတိုင်းပြစ်ဒဏ်ကျခံစေရေးတို့အတွက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီအချိန်က ကျိုက်မရောမြို့အမှတ် ၅ ရပ်ကွက်ရှိကျောင်းအုပ် ဆရာမကြီးဒေါ်မြင့်မြင့်စန်း၏ နေအိမ်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်နာမည် ရန်နောင်ဝင်းပါ၊ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဥပဒေ အတိုင်းပဲဖြစ်စေချင်တယ်၊ အမြန်ဆုံးလည်းပြီးစေချင်တယ်။ အခုတောင်မှ ဥပဒေအတိုင်းမဟုတ်ပဲ မမှန်မကန်ဖြစ်နေတဲ့အတွက် ဥပဒေလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန်လေးဖြစ်စေချင်တယ်။ အခုလိုဒုက္ခိတဘဝရောက်သွားရတဲ့ကျွန်တော့်ကို အထက်လူကြီးတွေအနေနဲ့ ငဲ့ညှာပြီးပြန်ကြည့်စေချင်တယ်။ လုပ်ထုံးလုပ်နည်းအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်"ဟုယာဉ်တိုက်မှုကြောင့် ခန္ဓာကိုယ် အောက်ပိုင်းသေ၍ ဒုက္ခိတဘဝရောက်ရှိနေသူ ကိုရန်နောင်ဝင်းကပြောသည်။

သတင်းစာရှင်းလင်းပွဲတွင်ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှံးသွားသည့် ဦးစံအုန်း၏သမီးဖြစ်သူ  ဒေါ်သန်းသန်းဆင့်ဒဏ်ရာရရှိခဲ့သူ ကျောင်းအုပ်ဆရာမ ဒေါ်မြင့်မြင့်စန်းဒဏ်ရာရပြီး ခန္ဓာကိုယ်အောက်ပိုင်းသေ သွားသူမောင်ရန်နောင်ဝင်းနှင့်  ရပ်မိရပ်ဖများကသတင်းစာရှင်းခြင်းဖြစ်ပြီး အမှုတည်ဆောက်ပုံပြတ်သား မှုမရှိခြင်း-ကျန်းမာရေးကောင်းမွန်နေသည့် တရားခံသည်ကျန်းမာရေးမကောင်းချင်ဟန်ဆောင်ပြီးအချုပ် လွတ်အာမခံရရှိထားသည့် အခြေအနေများ-အမှုမှာမလိုအပ်ဘဲနှစ်ချီကြာမြင့်နေပြီး ယခုတိုင်စွဲချက်မတင် နိုင်ဖြစ်နေမှုအခြေအနေများ-အမှုဖြင့်ဆက်နွယ်နေသည့် နစ်နာသူမိသားစုဝင်များကို စိတ်သောကရောက်အောင်နည်းမျိုးစုံဖြင့် ပြုလုပ်နေခြင်းများ-တရားခံဘက်မှ နစ်နာကြေးအား ထိုက်သင့်သလောက်ပေးမည်ဟုကမ်းလှမ်းခဲ့သည်တွင်သဘောတူပေးမည် ညှိနှိုင်းပါဟုပြောဆိုထားသော်လည်း လျစ်လျှူရှုထားသည့်အခြေ အနေများ၊ ဆေးကုသမှုများကြောင့်ကျပ်သိန်းရာချီကုန်ကျမှုရှိနေပုံများတို့ကိုရှင်းလင်းခဲ့ကြသည်။

"ဒီအမှုက တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့် ဥပဒေအတိုင်းမှန်မှန်ကန်ကန်နဲ့မြန်မြန်လေးပြီးစေချင်တယ်။ ကားတိုက်မှုမှာပါဝင်တဲ့ ကျွန်မအဖေဆုံးပါးသွားတယ်၊ သမီးက ဘီးလင်းမှာ တာဝန် ကျလို့အဖေတို့က လိုက်ပို့ကြတာ ဆရာမကြီးကိုလည်းခေါ်သွားတယ်၊ ဟိုမှာနေရေးထိုင်ရေး စီစဉ်ဖို့နဲ့ ရွာသားတွေနဲ့မိတ်ဆက်ရအောင်လို့ပါ ။ အဲဒီမှာကျွန်မကိုထားခဲ့ပြီးအပြန်မှာဖြစ်ကြတာ ဒီအမှုနဲ့ပတ်သက်ပြီး အောက်ခြေမှာ ဘာတွေဖြစ်နေသလဲဆိုတာ အထက်က သက်ဆိုင်ရာ လူကြီးတွေသိစေချင်တယ်၊ အမှုက တစ်နှစ်ကျော်ကြာနေပြီ ၊ ခုထိတရားစွဲနိုင်တဲ့အခြေအနေ   မရောက်သေးဘူးဆိုတော့  သေချာစိစစ်ပြီး              မှန်မှန်ကန်ကန်လေးလုပ်စေချင်ပါတယ်။"ဟု ယာဉ်တိုက်မှုတွင် သေဆုံးသွားသူ၏ သမီးဖြစ်သူ ဆရာမ ဒေါ်သန်းသန်းဆင့် ကပြောသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နိတုံ ကျေးရွာအုပ်စု၊ ရှမ်းရွာလေးရွာမှ ယာဉ်မောင်း ဦးလှမောင် ၅၄ နှစ်မောင်းနှင်သော ဟိုက်ဂျက် အဖြူရောင် 5N ----- သည်ယာဉ်ပေါ်တွင် ရှေ့ခေါင်းခန်း၌ကျိုက်မရော မြို့နယ်ရပ်ကွက် ၅ တွင်နေထိုင်သူ ဒေါ်မြင့်မြင့်စန်း ၄၂ နှစ်လိုက်ပါပြီး ယာဉ်နောက်ခန်းတွင်ခြံကုန်းကျေး ရွာနေသူ အသက် ၂၇ နှစ်ရှိမောင်ရန်နောင်ဝင်း၊ ဒေါ်မြင့်မြင့်စန်း၏သမီးအသက်၇နှစ်ရှိမကျော့ကေခိုင်ဖြိုး ၊ ရှမ်းရွာလေးကျေးရွာနေသူအသက် ၆၇ နှစ်ရှိ ဦးစံအုန်းတို့လိုက်ပါလျက် ဘီးလင်းမြို့မှ ကျိုက်မရောမြို့ခြံကုန်း ကျေးရွာသို့ အပြန်၂၀၁၉ ဇွန် ၁၄ ရက်ည ၁၂ နာရီ ၄၅ မိနစ်အချိန်က ကျိုက်မရောမြို့အဝင် ထန်းပင်တန်းမိုင်တိုင် အမှတ် ၃/၆ နှင့် ၃/၇ကြားတွင် ယာဉ်မောင်းသည်ကားမောင်းရင်းအရှိန်မထိန်းနိုင်ပဲ လမ်းယာဘက်ဘေးရှိထန်းပင်ကိုဝင်တိုက်မိခဲ့ရာမှ ယာဉ်ပေါ်ပါသူ ဦးစံအုန်းသေဆုံးခဲ့ပြီး မောင်ရန်နောင်ဝင်း မှာခန္ဓာကိုယ်အောက်ပိုင်းသေ သွားခဲ့ပြီးကျန်သူများလည်းဒဏ်ရာအသီးသီးရရှိခဲ့ပြီးနောက် ကျိုက်မရောရဲစခန်းတွင်လွန်ခဲ့သည့်နှစ် ဇွန် ၁၅ ရက်ကရဲတရားလိုဖြင့်အမှုဖွင့်ခဲ့ပြီး ရဲအရာခံဗိုလ်သိန်းဆန်းဝင်းက အမှုစစ်အဖြစ်ဆောင်ရွက်ပြီးနောက် စက်တင်ဘာ ၁၂ ရက်က တရားစွဲတင်ခဲ့ကာတရားလိုဘက်မှလိုပြသက်သေ ၁၂ ဦး တင်ပြထားပြီးယနေ့ထိ ၁၁ ဦးအားစစ်ဆေးပြီးဖြစ်ကာ မကြာမီစွဲချက်တင်တော့မည် ဖြစ်ကြောင်း သိရသည်။ ဒေါ်မြင့်မြင့်စန်းအမက   ကြံကုန်းက" ကျွန်မတို့သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ကျွန်မတို့လိုပဲ ထိခိုက်နစ်နာမှုမရှိရ အောင်၊ တရားရေးကလည်း တရားရေးမဏ္ဏိုင် တည့်တည့်မတ်မတ် တရားဥပဒေလမ်းကြောင်းအတိုင်း  မယိမ်းမရိုင် ဆောင်ရွက်ပေးနိုင်အောင်၊ တရားခံကို လုပ်ထုံးလုပ်နည်းအတိုင်း ဖမ်းဆီးအပြစ်ပေးဆောင်ရွက်ဖို့ အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်ပါတယ်" ဟုပြောသည်။ 

အမှုမှန်ပေါ်ပေါက်ရေးကြန့်ကြာနေ၍ နစ်နာသည့်မိသားစုများက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတရုံးဥပဒေရေးရာ တိုင်ကြားစာများဌာနကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနများအပါစာ၉စောင်ရေးသားပြီးတာဝန်ရှိလူကြီးများသိရှိနိုင်အောင်တိုင်ကြားထားကြောင်းလည်းသိရ သည်။

သတင်း/ဓာတ်ပုံ

ရွေမြင့်ဦးရွေပြည်သာ






အခြားဆက်စပ်သတင်းများ