နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT မှ သုံးစွဲသူများအတွက် ဒေတာနှစ်ဆရမည့် “Super Double Data Pack” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

ရန်ကုန်  ဇူလိုင် ၃၁


မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ထူးခြားဆန်းသစ်၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်းသိရသည်။

MPT ၏ ဒေတာများကို အစဉ်တစိုက် သုံးစွဲသူများ အားလုံးအတွက် အင်တာနက်ဒေတာ Package များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆရရှိနိုင်မည့် “စူပါဒေတာနှစ်ဆ Package” ပရိုမိုးရှင်းအစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရသိရသည်။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနှင့်  အသုံးပြုပြီးမှ ပေးချေသည့်စနစ်သုံး GSM/WCDMA   ဝန်ဆောင်မှု ရယူထားသူမျာအားလုံးသည် “Super Double Data Pack” Package များကို ဝယ်ယူနိုင်သည်။ Base Tariff အသုံးပြုသူများသည် ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များကို ပြောင်းလဲ အသုံးပြုပြီး “Super Double Data Pack” ကို ဝယ်ယူ နိုင်ကြောင်း သိရသည်။

အသုံးပြုသူများအနေဖြင့် Package များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင်သည်။ Package ၏  မူလဒေတာ သက်တမ်းမှာ ရက် (၃၀) ဖြစ်ပြီး သက်တမ်း ကုန်ဆုံးပြီး (၇) ရက်အတွင်း ဒေတာပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာ ပမာဏကို ထပ်မံဝယ်ယူသော Package ၏ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင် ကြောင်းသိရသည်။

“Super Bonus Data” (အထူးအပိုဆောင်းဒေတာ)၏ သက်တမ်းမှာ  ၇ ရက် ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်း၏ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မည် ဖြစ်သည်။

MPT အသုံးပြုသူများသည် “Super Double-Data Package” ပရိုမိုးရှင်း၏ မူလဒေတာပမာဏ လက်ကျန်များ၊ အထူးအပိုဆောင်းဒေတာများ နှင့် အသုံးပြုခွင့်ရရှိသည့် နောက်ဆုံးသက်တမ်းကို MPT4U App သို့မဟုတ် *224# သို့ ခေါ်ဆို၍စစ်ဆေးသိရှိနိုင်ကြောင်း သိရသည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ