ဇူလိုင် ၃၁
လက်ရှိကမ္ဘာ့အဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ဂေါက်သီးရိုက်ကစားသမား မက်အီလ်ရွိုင်းသည် Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ မက်အီလ်ရွိုင်းသည် လက်ရှိတွင် အမေရိကန်နိုင်ငံသို့ရောက်ရှိနေပြီး PGA Tour များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ COVID-19 ရောဂါကြောင့် ယခုနှစ်ကုန်ပိုင်းအထိ အဆိုပါနိုင်ငံတွင် နေထိုင်ဖွယ်ရှိသည်။
အမေရိကန်နိုင်ငံမှ အိုင်ယာလန်နိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက မက်အီလ်ရွိုင်းသည် Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်လွဲချော်ရမည်ဖြစ်ကာ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ပစ်မှတ်ထားနေခြင်းကြောင့် Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အိုင်ယာလန်နိုင်ငံသို့ ပြန်နိုင်ဖွယ်မရှိကြောင်း သိရသည်။
Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲသည် မေလတွင် ပုံမှန်ကျင်းပလေ့ရှိပြီး လက်ရှိတွင် COVID-19 ရောဂါကြောင့် စက်တင်ဘာလသို့ရွှေ့ဆိုင်းခဲ့ရာ ယူအက်စ်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲနှင့် အချိန်တိုက်နေသည့် အတွက် ယင်းက ယူအက်စ်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲကိုသာ ရွေးချယ်သွားမည်ဖြစ်သောကြောင့် Irish Open ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
(သူရိန်)