နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MMA ပြိုင်ပွဲများ ပရိသတ်မပါဘဲ ကွင်းရုံပိတ်ကျင်းပရန် One Championship ဆုံးဖြတ်

ဇူလိုင်   ၃၁


One Championship ဟာ ပြန်လည်ကျင်းပမယ့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား (MMA) ပြိုင်ပွဲ များကို ဇူလိုင်လကုန်မှ အောက်တိုဘာလကုန်ထိ ပရိသတ်မပါဘဲ ကွင်းရုံပိတ်ကျင်းပသွားမယ်လို့ One Championship စီးအီးအို ချာထရီက လူမှုကွန်ရက်မှတစ်ဆင့်ထုတ်ပြန်ခဲ့ပါတယ်။ One Championship ဟာ Covid -19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း MMA  ပြိုင်ပွဲများကို ရပ်နားထားရပြီး ဇူလိုင် ၃၁ မှ စ၍ ပြိုင်ပွဲများပြန်လည်ကျင်းပရန်စီစဉ်ထားပါတယ်။ 

ဒါပေမယ့် ပြန်လည်ကျင်းပမယ့် MMA ပြိုင်ပွဲများကို ပရိသတ်မပါဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ “ဇူလိုင် ၃၁ ရက်ကစပြီး အောက်တိုဘာလထိကျင်းပသွားမယ့်ပြိုင်ပွဲတွေကို ပရိသတ်မပါဘဲကွင်းရုံပိတ်ကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ပရိသတ်တွေအားပေးကြည့်ရှနိုင်ဖို့ ရုပ်သံလိုင်းကနေ                        တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်”လို့  ချာထရီကပြောပါတယ်။ One Championship က ပြိုင်ပွဲပေါင်း ၁၀ ပွဲကျင်းပပေးမယ်လို့ထုတ်ပြန်ထားပါတယ်။                                                                                     


 (SO)






အခြားဆက်စပ်သတင်းများ