နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အများပြည်သူသို့ အသိပေးကြေညာချက်

(၁၄-၄-၂၀၂၀ ရက်၊ အင်္ဂါနေ့) ၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ၁၂-၄-၂၀၂၀ ရက်၊ ၀၂၀၀ အချိန်မှ ၁၄-၄-၂၀၂၀ ရက်၊ ၀၁၁၅ အချိန်အထိ သတင်းထုတ်ပြန်ချက်များအရ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ COVID-19 (Positive) တွေ့ရှိသူများနေထိုင်ရာ အောက်ဖော်ပြပါနေရာများသို့ အသွား အလာကန့်သတ်တားမြစ်ခြင်း (Lock down)ပြုလုပ်ထားခဲ့ပြီးဖြစ်ပါသည်- (က) ခြံအမှတ်(၃၂)နှင့် ခြံအမှတ်(၂၄)၊ အမှတ်(၁၅)ရပ်ကွက်၊ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်။ (ခ) အမှတ်(မ/၂)နှင့် (မ/၄)၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်။ (ဂ) အမှတ်(၄/၁၉)၊ အမှတ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ မရမ်းကုန်းမြို့နယ်။ (ဃ) ပုလဲကွန်ဒို(ဘီ)၊ အခန်း(၈၂) ခန်း၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်း ထောင့်၊ ဗဟန်းမြို့နယ်။ (င) အမှတ်(၉၇၆)၊ ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ (ဗေသလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း။ (စ) အမှတ်(၁၀၂၃)၊ အခန်း(၄-အေ)၊ ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန် မြို့နယ်။ (ဆ) အမှတ်(၁၀၀၅)၊ သုမေတ္တာလမ်း၊ ခတ္တာလမ်းသွယ်၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ (ဇ) သာယာအေး(၂)လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။ (ဈ) အမှတ်(၄၆)၊ အမှတ်(၁)ရပ်ကွက်၊ မိချောင်းအိုင်ရွာ၊ ရတနာမိုးလမ်း၊ ရွှေပြည်သာမြို့နယ်။ (ည) အမှတ်(၃၁၈)၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်။ ၂။ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် များအား လိုက်နာရန်ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး(သင်းအုပ်ဆရာနှင့်) အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းမှ (ပ) ၇၀၆/၂၀၂၀ ဖြင့်လည်းကောင်း၊ ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ)နှင့် ဦးဝေထွန်း(နဝရတ်တေးသံသွင်း)တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြလုပ်ခဲ့ မှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ မရမ်းကုန်းမြို့မရဲစခန်းမှ အမှုအမှတ်(ပ) ၅၈၃/၂၀၂၀ ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားရှိပါကြောင်း အများပြည်သူသို့ အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ






အခြားဆက်စပ်သတင်းများ