နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဘူဒါဘီမှ ယူအက်ဖ်စီချန်ပီယံလုပွဲမှာ တစ်ကျော့ပြန်အောင်ပွဲခံခဲ့တဲ့ ရောဘတ်ဝစ်တိတ်ကာ

ဇူလိုင်   ၃၀


ယူအက်ဖ်စီမစ်ဒယ်ဝိတ်ချန်ပီယံဟောင်းရောဘတ်ဝစ်စတိတ်ကာဟာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီရှိ ယူအက်ဖ်စီတိုက်ခိုက်ရေးကျွန်းမှာကျင်းပခဲ့တဲ့ ယူအက်ဖ်စီချန်ပီယံလုပွဲမှာ ဗြိတိန်ဖိုက်တာ ဒါရန်တေးလ်ကို အနိုင်ရရှိသွားကြောင်းသိရပါတယ်။


အသက် ၂၉ နှစ်အရွယ်ရှိ ရောဘတ်ဝစ်စတိတ်ကာဟာ ယမန်နှစ်အောက်တိုဘာလက နယူးဇီလန်ဖိုက်တာ အန်ဒီဆန်ညာကိုအရေးနိမ့်ခဲ့ပြီး ကိုးလကြာအနားယူပြီးမှသာ ဒါရန်တေးနဲ့ထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဝစ်တိတ်ကာနှင့် ဒါရန်တေးတို့နှစ်ဦးဟာ ငါးချီအထိယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပြီးနောက် ဝစ်တိတ်ကာက အမှတ် ၄၈-၄၇ ၊ ၄၈-၄၇၊  ၃၈-၄၇  ဖြင့် အနိုင်ရရှိခဲ့တာပါ။ ဝစ်တိတ်ကာဟာ မစ်ဒယ်ဝိတ်တန်းမှာ အဒီဆန်ညာ တစ်ဦးတည်းကိုသာ ရှုံးခဲ့ဘူးတာပါ။ ယူအက်ဖ်စီတိုက်ခိုက်ရေးနယ်ပယ်မှာ ၂၁ ပွဲနိုင်၊ ငါးပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသူပါ။ အဘူဒါဘီရှိလက်စ်အမည်ရ တိုက်ခိုက်ရေးကျွန်းမှာ ကိုဗစ်ကာလအတွင်း ယူအက်ဖ်စီပွဲ များကို သီးသန့်ကျင်းပသောနေရာဖြစ်ပါတယ်။                                                                              


(SO)






အခြားဆက်စပ်သတင်းများ