နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းနှစ်သက်တဲ့ ဗလန်စီယာက ဖရန်တောရက်စ်

ဇူလိုင်   ၃၀


မန်စီးတီးဟာ တိုက်စစ်ကစာသမားတွေရှိနေပေမယ့်လဲ ဗလန်စီယာရဲ့ကြယ်ပွင့်ကစားသမား အသက် ၂၀ အရွယ်ရှိ ဖရန်တောရက်စ်ကို အပြောင်းအရွှေ့ကာလမှာအရခေါ်သွားမှာပါ။ တောရက်စ်ဟာ ဗလန်စီယာမြို့က Fotios ဒေသဇာတိဖြစ်ပြီး အသက်ခြောက်နှစ်မှာ Mestella အကယ်ဒမီအသင်းတွင် ပါဝင်ကစားခဲ့ပါတယ်။ နောက်တဖြည်းဖြည်းနဲ့  အသင်းကြီးမှာပါဝင်ကစားခဲ့ပါတယ်။ ဗလန်စီယာနဲ့စာချုပ်မချုပ်ခင်က တောရက်စ်ဟာ ဖူဆယ်ကစားခဲ့တယ်လို့သိရပါတယ်။


၂၀၁၇ ခုနှစ်မှာ ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဇာရာကိုဇာအသင်းနဲ့ကစားပွဲက တောရက်စ်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ပွဲပါ။  နည်းပြတွေက တောရက်စ်ကို  ကစားသမားတော်တော်များများ နဲ့နှိုင်းယှဉ်ခဲ့ကြပေမယ့် တောရက်စ်ကတော့ သူနဲ့အသက်သိပ်မကွာတဲ့ အဆန်စီရိုကိုသာ အားကျနေတဲ့သူပါ။ ဖရန်တောရက်စ်ဟာ တောင်ပံနှစ်ဖက်မှာကျွမ်းကျင်စွာကစားနိုင်ပါတယ်။ 


ညာတောင်ပံက ပိုကစားအားသန် ပါတယ်။  တောရက်စ်ဟာ ဗလန်စီယာအသင်းရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမား တွေထဲမှာပါဝင်သူပါ။  မန်စီးတီးရဲ့တောင်ပံကစားသမား ဆာနေးထွက်ခွာသွားတာကြောင့် ဆာနေးရဲ့ နေရာကိုအစားထိုးဖို့ပြင်ဆင် နေတာပါ။ တောရက်စ်ဟာ တောင်ပံကနေ ဖြတ်တင်ဘောတွေ၊ တိုက်ရိုက်ကန်သွင်းတာတွေ ပြုလုပ်နိုင်တဲ့ သူပါ။ ဒီရာသီမှာ ဗလန်စီယာအတွက် ခြောက်ဂိုးသွင်းထားပြီး ရှစ်ကြိမ်ခန့်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ အသင်းကြီးအတော်များများက တောရက်စ်ကို အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ တောရက်စ်ကတော့ မန်စီးတီးကိုသာပြောင်းရွှေ့လိုပြီး ပြောင်းရွှေ့ကြေးသဘောတူညီမှုရတာနဲ့ မန်စီးတီးကိုရောက်လာမှာပါ။


(SO)






အခြားဆက်စပ်သတင်းများ