နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီနဲ့ လိုင်ယွန်တို့အပြိုင်ဆင်နွှဲမယ့် ပြင်သစ်လိဂ်ဖလားလုပွဲ

ဇူလိုင်   ၃၀


ဒီရာသီမှာ ပီအက်စ်ဂျီတို့ရဲ့ ဖလားလေးလုံးအိမ်မက်ကရှင်သန်နေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိ လီဂူး-၁၊ ပြင်သစ်အက်ဖ်အေဖလားဆွတ်ခူးထားပြီး ဒီပွဲမှာအနိုင်ရခဲ့ရင် ဖလားသုံးလုံးပိုင်ဆိုင်တော့မှာပါ။ ပီအက်စ်ဂျီဟာ ပြည်တွင်းဖလားသုံးလုံးကို သုံးကြိမ်မြောက်ဆွတ်ခူးနိုင်တဲ့အသင်းဖြစ်ပါတယ်။


လိဂ်ဖလားမှာလည်း အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။  ဗိုလ်လုပွဲတက်ခဲ့တဲ့ကိုးကြိမ်မှာ ရှစ်ကြိမ်ဗိုလ်စွဲပြီး တစ်ကြိမ်သာဒုတိယရခဲ့တာပါ။  ပီအက်စ်ဂျီဟာ ရာသီအစောကြီးပွဲပြီးနားခဲ့ရပေမယ့် ဖလားဗိုလ်လုပွဲနှစ်ပွဲနဲ့ ချန်ပီယံလိဂ်ကွာတားပွဲတွေအတွက် ခြေစမ်းပွဲတွေကစားပြီးပြင်ဆင်ခဲ့ရပါတယ်။ ခြေစမ်းပွဲတိုင်းမှာအနိုင်နဲ့ ဂိုးမိုးတွေရွာနိုင်ခဲ့ပါတယ်။ ပြင်သစ်အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ စိန့်အန်တီယန်အသင်းကို မိနစ် ၃၀ နောက်ပိုင်းတစ်ယောက်အသာရတာတောင် နေမာရဲ့တစ်လုံးတည်းသော ဂိုးနဲ့သာအနိုင်ရဗိုလ်စွဲခဲ့တာပါ။    


အဲဒီပွဲမှာ အမ်ဘာပေတစ်ယောက်ပြင်းထန်စွာဒဏ်ရာရခဲ့တာကြောင့် ဒီပွဲကိုလွဲချော်တော့မှာပါ။ ဒါကြောင့် အစ်ကာဒီ၊ နေမာ၊ ဒီမာရီယာတို့ရှိသော်လည်း တိုက်စစ်အားလျော့နေမှာပါ။


လိုင်ယွန်တို့ကတော့ လိဂ်ဖလားမှာ အစဉ်အလာကောင်းမရှိခဲ့ပါဘူး။  လေးကြိမ်ဗိုလ်လုပွဲတက်ပေမယ့် တစ်ကြိမ်သာဗိုလ်စွဲဘူးပါတယ်။ လိုင်ယွန်ဟာ ဒီရာသီ ပီအက်စ်ဂျီနဲ့ တွေ့ဆုံမှုသုံးပွဲစလုံးရှုံးနိမ့်ထားပါတယ်။ အက်ဖ်အေဆီမီးမှာဆိုရင် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ နည်းပြ ရူဒီဂါစီယာရဲ့ဉီးဆောင်မှုနဲ့ ခြေစွမ်းတက်နေတာ တော့လက်ခံရမှာပါ။ လီဂူး-၁မှာ အဆင့် ၇ သာရပေမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်ကို ၁-၀ နဲ့ နိုင်ထားပါတယ်။ ကစားသမားစုဖွဲ့မှုက ပီအက်စ်ဂျီသာပါတယ်။ ဒီပွဲမှာ အမ်ဘာပေမပါတော့ တိုက်စစ်အားလျော့နေပါတယ်။ လိုင်ယွန်ကတော့  ဒမ်ဘီလီ၊ ဒီပေးတို့နဲ့ တိုက်စစ်မှာလူစုံနေပါတယ်။ အဲဒီတော့ ဒီပြင်သစ်လိဂ်ဖလားကို ဘယ်အသင်းလက်ဝယ်ပိုင်သွားမလဲဆိုတာကိုတော့ ၃၁.၇.၂၀၂၀(၁:၄၀)မှာအဆုံးဖြတ်ပွဲကိုစောင့်သာကြည့်ကြပါတော့။  

(SO)






အခြားဆက်စပ်သတင်းများ