ရန်ကုန် ဧပြီ ၁၄ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးကြီးကို ဧပြီ ၁၄ ရက်မှစ၍ လေးရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး၊ ဧပြီလ ၁၈ ရက်နေ့(မြန်မာနှစ်ဆန်း နှစ်ရက်နေ့)တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးကျော်စွာလင်းက ပြောသည်။ အဆိုပါမြို့မဈေး၏ ပျံကျဈေးသည်များဖြစ်သော သားငါးတန်း၊ ဟင်းသီးဟင်းရွက်နှင့် ကုန်ခြောက်ဆိုင်(၂၀၀) ခန့်အား ကမ်းနားလမ်းတွင် သုံးပေစီခြား၍ စည်းသတ်မှတ်ပေးထားသည့်နေရာ၌ ဧပြီလ ၁၅ ရက်နေ့၌ ပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့မဈေးတာဝန်ခံ ဦးဝင်းသိန်း ကပြောသည်။ ဝင်းကြိုင်(ပြန်/ဆက်)