နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်

၁။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုပြီး လစဉ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။ အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၁ ရက်နေ့အထိ ၁၄ ရက်ကြာသက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည် ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညစဉ် မဲဆန္ဒရှင်များအား မဲစာရင်း လာရောက် ကြည့်ရှုစစ်ဆေးပြီးလိုအပ်ပါက အောက်ပါလုပ်ငန်းစဉ် (၃) မျိုးကို ဆောင်ရွက်နိုင်ပါသည် -


(က) မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃)  ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊


(ခ) မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄ ) ဖြင့်ကန့်ကွက်ခြင်း၊



(ဂ) မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း။


၃။ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ထိုသို့ ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီး ပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် (နောက်ဆုံးအကြိမ်) အဖြစ် ၄ ရက်ကြာ (ထပ်မံ) ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု ပြင်ဆင်မှုကန့်ကွက်မှုများ (ထပ်မံ) ဆောက်ရွက်နိုင်မည် ဖြစ်ပါသည်။


၄။ မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။


ပြည်ထောင်စုရွေ့ကောက်ပွဲကော်မရှင်






အခြားဆက်စပ်သတင်းများ