နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပြည်သူများအတွက် ဆန်အိတ်ပေါင်း ၂၁၀၀၀ ကို ကမ္ဘောဇဘဏ်မှ ထပ်မံလှူဒါန်း

ရန်ကုန် ဧပြီ ၁၄ နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ အခြေခံပြည်သူများ ကို ပေးဝေလှူဒါန်းနိုင်ရန်အတွက် ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၂၁,၀၀၀ ကို COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဧပြီ ၁၃ ရက်တွင် ကမ္ဘောဇဘဏ်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် (ဆန်အိတ် ၁၀၀၀)၊ ကယားပြည်နယ် (ဆန်အိတ် ၁၀၀၀) ၊ ကရင်ပြည်နယ် (ဆန်အိတ် ၁၀၀၀) ၊ ချင်းပြည်နယ် (ဆန်အိတ် ၁၀၀၀) ၊ မွန်ပြည်နယ် (ဆန်အိတ် ၁၀၀၀) ၊ ရခိုင်ပြည်နယ် (ဆန်အိတ် ၁၀၀၀) ၊ ရှမ်းပြည်နယ် (ဆန်အိတ် ၃၀၀၀) ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ (ဆန်အိတ် ၁၀၀၀) ၊ စစ်ကိုင်းတိုင်းဒေသကြီး (ဆန်အိတ် ၁၀၀၀) ၊ မကွေးတိုင်းဒေသကြီး (ဆန်အိတ် ၁၀၀၀) ၊ ပဲခူးတိုင်းဒေသကြီး (ဆန်အိတ် ၁၀၀၀) ၊ ဧရာဝတီတိုင်းဒေသကြီး (ဆန်အိတ် ၁၀၀၀) ၊ တနင်္သာရီတိုင်းဒေသကြီး (ဆန်အိတ် ၁၀၀၀) ၊ မန္တလေးတိုင်းဒေသကြီး (ဆန်အိတ် ၃၀၀၀) နှင့် ရန်ကုန်တိုင်းဒေသကြီး (ဆန်အိတ် ၃၀၀၀) တို့ကို အသီးသီးပေးပို့လှူဒါန်းထားကြောင်း သိရသည်။ ကမ္ဘောဇဘဏ်၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့် Air KBZ တို့သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၃၁, ၂၁၄ သိန်း (ကျပ်သိန်းပေါင်း သုံးသောင်း တစ်ထောင်နှစ်ရာတစ်ဆယ့်လေးသိန်း) ကိုလည်း လှူဒါန်းခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ထပ်မံပူးပေါင်းပါဝင်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထား ကြောင်းကိုလည်း ကမ္ဘောဇဘဏ်မှ ပြောထားသည်။ (WP)






အခြားဆက်စပ်သတင်းများ