နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံဓာတ်အားပေးစက်ရုံသစ်နှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်မည်

ရန်ကုန် ဧပြီ ၁၄ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းတွင် မဂ္ဂါဝပ် ၃၂၅၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိသည်။ ထို့ပြင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အားစနစ် ပိုမိုတည်ငြိမ်စွာထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ၁၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံများ တိုးချဲ့ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် အသစ်ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက်မှ အလုံဓာတ်အားပေးစက်ရုံ (၁၅၀ မဂ္ဂါဝပ်) မှာ မကြာမီ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်သည်။ အဆိုပါဓာတ်အားပေးစက်ရုံကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက်မောင်းနှင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။ ထိုသို့ အလုံဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက်ဆောင်ရွက်ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဧပြီ ၁၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် (၁၂:၃၀) မှ (၀၃:၀၀) နာရီအထိ ၆၆ ကေဗွီ တက္ကသိုလ်ခွဲရုံ၊ ကျိုက္ကဆံခွဲရုံ၊ ကုက္ကိုင်းခွဲရုံ၊ သီတာခွဲရုံ၊ ဟုံဟိုင်းခွဲရုံတို့မှ ဓာတ်အားပေးထားသည့် ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌လည်းကောင်း၊ ဧပြီ ၂၀ ရက် (တနင်္လာနေ့) တွင် (၁၂ :၃၀) နာရီမှ (၀၃:၀၀) နာရီအထိ ၆၆ ကေဗွီ MEC ခွဲရုံ၊ Hospital Complex ခွဲရုံ၊ လွှတ်တော်ခွဲရုံ၊ သူရဲကောင်းခွဲရုံ၊ မော်တင်ခွဲရုံ၊ မီးရထားခွဲရုံ အသစ်၊ မီးရထားခွဲရုံအဟောင်း၊ ဆင်မလိုက်ခွဲရုံ၊ ဟုံဟိုင်းခွဲရုံတို့မှ ဓာတ်အားပို့လွှတ်ထားသည့် ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ရှိ ရပ်ကွက်အချို့၌လည်းကောင်း ဖော်ပြပါနေ့စွဲအလိုက် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်နေမည်ဖြစ်ကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဧပြီ ၁၃ ရက်က ထုတ်ပြန်ထားပြီးဖြစ်သည်။ (WP)






အခြားဆက်စပ်သတင်းများ