နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို ဇူလိုင် ၂၉ ရက်တွင် စတင်လျှောက်ထားနိုင်

ရန်ကုန်    ဇူလိုင်    ၂၉


COVID -19 Fund မှ ဒုတိယအကြိမ် ထုတ်ချေးမည့် ချေးငွေများလျှောက်ထားခြင်းကို ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၁၀ ရက်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။ 


နိုင်ငံတော်မှ  COVID-19 Fund သို့ ကျပ် ၁၀၀ ဘီလီယံ ထပ်မံဖြည့်တင်းပေးထားပြီး အဆိုပါ လျာထားသည့် ရန်ပုံငွေအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင် ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ပါဝင် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။  


 
ထိုသို့ ချေးငွေထုတ်ပေးရာတွင် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရန်အတွက် မြန်မာ့စီးပွားရေး ဘဏ်တွင်သာမက ပုဂ္ဂလိကဘဏ်များကပါ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ပေးသွားမည်ဖြစ်သည်။  အဆိုပါ ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံ စံများဖြင့် လျှောက် ထားရမည်ဖြစ်ကာ အဆိုပြု လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန် ဖော်ပြထားသည့် စာရွက်စာတမ်း အချက်အ လက်များ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီခြင်း မရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်းသိရသည်။


ထို့ပြင် ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် အချက်အလက်များ ထုတ်ပြန်ထားပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် စီးပွားရေး လုပ်ငန်းများကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်။  အဆိုပါ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည့်အပြင် ချေးငွေရယူထားသည့် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်း ခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေ ရေးကြေးရေး အဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်း မရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                                


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ