နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ်တူကီဖလား ပေါ်တိုလား၊ ဘင်ဖီကာထံ တစ်ကျော့ပြန်မလား

ဇူလိုင်   ၂၉


ဒီရာသီ ပေါ်တူကီလီဂါမှာ ဘင်ဖီကာတို့ ငါးမှတ်အကွာနဲ့ ပေါ်တိုတို့ရဲ့နောက်မှာ ရပ်တည်ခဲ့ရပါတယ်။ ဒါပေမယ့် ပေါ်တူကီဖလားမှာတော့ ဘင်ဖီကာတို့အောင်မြင်မှုအများဆုံးပါဘဲ။ ဗိုလ်လုပွဲကို ၃၆ ကြိမ်တက်တယ်၊ ၂၆ ကြိမ်ဗိုလ်စွဲထားပါတယ်။ နောက်ဆုံးဖလားရတာက ၂၀၁၇ ခုနှစ်ကပါ။


ဘင်ဖီကာဟာ ရာသီသိမ်းပွဲစဉ်တွေမှာ လည်း ခြေစွမ်းတည်ငြိမ်ခဲ့ပါတယ်။ နောက်ဆုံးငါးပွဲမှာ လေးပွဲအနိုင်ကစားနိုင်ခဲ့ပါတယ်။ ထုတ်ပယ်ခံရတဲ့ နည်းပြ ဘရူနိုလက်ချ်နေရာအစားဝင်လာတဲ့ နည်းပြ ဆာရစ်ဆီမိုလက်ထက် ဘင်ဖီကာတို့ ခြေစွမ်းပိုတိုးတက် လာပါတယ်။ ငါးပွဲမှာတစ်ပွဲသာသရေကျပြီး လေးပွဲအနိုင်ရခဲ့ပါတယ်။
ပေါ်တိုအသင်းကတော့ ဘင်ဖီကာကို ငါးမှတ်ဖြတ်ပြီး ပေါ်တူကီလီဂါဖလား ရယူထားတဲ့အသင်းပါ။


ရာသီရဲ့နောက်ဆုံးပွဲမှာ ဘရာဂါကိုရှုံးနိမ့်ထားရတာဟာ ပေါ်တိုတို့လူမစုံခဲ့လို့ပါ။ ပေါ်တိုဟာ ၂၀၁၇ ကစပြီး နည်းပြ ကွန်ဆီကာဆိုရဲ့ဦးဆောင်မှုနဲ့ အမှတ်ပေးဖလားနှစ်ကြိမ်ဆွတ်ခူးခဲ့ပါပြီ။ အစဉ်အလာအရ ဘင်ဖီကာ အနည်းငယ် သာပေမယ့် ဒီရာသီမှာနှစ်သင်းတွေ့ဆုံမှုနှစ်ပွဲမှာတော့ ပေါ်တို တို့နိုင်ထားပါတယ်။ ပေါ်တိုမှာ  ပီပီကလွဲရင် ကျန်ကစားသမားတွေက လူသိနည်းကြပါတယ်။


ဒါပေမယ့် အသင်းလိုက်စုစည်းမှုကောင်းမွန် ပါတယ်။  နည်းပြပိုင်းမှာလည်း ဗာရစ်ဆီမိုထက် ကွန်ဆီကာအိုက ပိုသာနေပါတယ်။ ဒီတော့ အသင်းနှစ်သင်း နည်းပြနှစ်ဦးတို့ရဲ့အားပြိုင်ပွဲ၊ ပေါ်တူကီဖလားလုပွဲကိုတော့ ဩဂုတ် ၁ ရက်နေ့မှာယှဉ်ပြိုင်ရင်း အဖြေ စောင့်ကြည့်ကြရမှာပါ။        


(SO)






အခြားဆက်စပ်သတင်းများ