နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကောလင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုးကို လက်ဝယ်အရောက် ထောက်ပံ့ဖြန့်ဖြူးပေး

ကောလင်း ဧပြီ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှအရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန် ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ကောလင်းမြို့နယ်အတွင်း ဧပြီ ၁၀ ရက်မှ စတင်၍ ထောက်ပံ့ဖြန့်ဖြူးပေးအပ် လျက်ရှိရာ ဧပြီ ၁၃ ရက်အထိ မြို့ပေါ် (၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၅ စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၅၀၇၈ စုအထိ ဖြန့်ဝေးပေးအပ်ခဲ့ပြီးဖြစ်သည်။ ထိုသို ဖြန့်ဝေပေးအပ်မှုတွင် ကောလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၁ ပိဿာ စုစုပေါင်း အခြေခံ စားသောက်ကုန်ပစ္စည်း ၅ မျိုးကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။ ကောလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၄ အုပ်စုရှိပြီး ရပ်ကွက်၊ ကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း ၁၂၅၄၇ စုရှိရာ ကျန်ရှိသော ရပ်ကွက်၊ အုပ်စုများအား ဧပြီ ၁၆ ရက်နေ့အပြီး ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချမ်းမြေ့အောင်ပြောပြချက်အရ သိရသည်။ မြင့်ထွန်းမင်း (ကောလင်း)






အခြားဆက်စပ်သတင်းများ