နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၉-၂၀၂၀ ဘောလုံးရာသီလာလီဂါပြိုင်ပွဲရဲ့ Dribbling King ကတော့ မက်ဆီပါပဲ

ဇူလိုင်   ၂၉


၂၀၁၉-၂၀၂၀  ဘောလုံးရာသီမှာ ဘာစီလိုနာက မက်ဆီတို့ဖလားကိုင်မြှောက်ခွင့်ဆုံးရှုံးခဲ့ပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည်တွေကတော့ မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀  ရာသီမှာမက်ဆီက လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ၇ ကြိမ်မြောက်အဖြစ်ရရှိခဲ့ပါတယ်။


ဒါ့အပြင် ဂိုးဖန်တီးမှုမှာ ၂၁ ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် လာလီဂါရဲ့စံချိန်သစ်အဖြစ်မှတ်တမ်းတင် ခဲ့ပါတယ်။ ဒါတွေမကပါဘူး၊ မက်ဆီဟာ အောင်မြင်တဲ့ Dribble ၁၈၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဒုတိယနေရာက ရီးရဲလ်ဘက်တစ်ကစားသမား ဖက်ကီရာရဲ့  Dribble  ၉၈  ကြိမ်ကို နှစ်ဆနီးပါးအထိကျော်လွန်ပြီး  လာလီဂါရဲ့ Dribble King ဖြစ်ခဲ့တာပါ။ မနှစ်ကရာသီတုန်းကတော့  ဆဲလ်တာဗီဂိုအသင်းကစားသမား ဆိုဖီရီဘူဖယ်လ်ကို Dribble King လွဲပြောင်းပေးခဲ့ရပါသေးတယ်။


ဒီရာသီမှာ တစ်ကျော့ပြန်လည်ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ လာလီဂါရဲ့ နောက်ဆုံးဆယ်နှစ်အတွင်းမှာ မက်ဆီဟာ ပြိုင်ပွဲရဲ့အကောင်းဆုံး Dribbler အဖြစ် ခြောက်ကြိမ်အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယခုရာသီရဲ့ Dribble  182 ကြိမ်ဟာ မက်ဆီရဲ့ တတိယအကောင်းဆုံးစံချိန်လည်းဖြစ်ပါတယ်။              


(SO)






အခြားဆက်စပ်သတင်းများ