နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အူဘာမီယန်းရဲ့ အနာဂတ်ပဲ့ကိုင်ရှင် သူ့ရဲ့ဖခင်ဖြစ်

ဇူလိုင်   ၂၉


အာဆင်နယ်လ်အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာဆက်ရှိနေ မလား၊ ထွက်သွားတော့မလားဆိုတာကို ဆုံးဖြတ်တော့မယ်လို့သိရှိရပါတယ်။ အသက် ၃၁ နှစ်အရွယ် အူဘာမီယန်းဟာ အာဆင်နယ်လ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ပါတော့တယ်။ ယခုကာလမှာသာ အသင်းနဲ့ စာချုပ်အသစ်မချုပ်ဆိုနိုင်ခဲ့ပါက လာမယ့်ဘောလုံးရာသီကုန်ဆုံးချိန်မှာ အသင်းကနေအလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရသွားမှာဖြစ်ပါတယ်။


အာဆင်နယ်လ်အသင်းကတော့ အူဘာမီယန်းသာ စာချုပ်သစ်မချုပ်ဆိုခဲ့ပါက အူဘာမီယန်းကို ရောင်းချသွားဖို့စဉ်းစားထားကြောင်းသိရပါတယ်။ အူဘာမီယန်းဟာ လက်ရှိရာသီမှာ အာဆင်နယ်လ် အသင်းအတွက် ၄၃ ပွဲပါဝင်ကစားထားပြီး ၂၇ ဂိုးသွင်းပေးထားကာ သုံးဂိုးဖန်တီးပေးထားနိုင်တဲ့သူပါ။  အာဆင်နယ်လ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့မရေမရာဖြစ်နေတဲ့သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းအများစုက  စောင့်ကြည့်နေကြတာပါ။


အာဆင်နယ်လ်အသင်းက အူဘာမီယန်းကို တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ပေးချေမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့တောင်းဆိုထားပါတယ်။ အူဘာမီယန်းက အဆိုပါစာချုပ်အတွက် အကြောင်းပြန်ကြားမှုမရှိသေးပါဘူး။ အူဘာမီယန်းရဲ့ ဖခင်ဖြစ်သူက မကြာခင် ဆုံးဖြတ်ချက်ချပေးမယ်လို့  အသိပေးသွားပါတယ်။


သူ့ရဲ့ဖခင်က “ငါ့သားလေးအတွက်ဂုဏ်ယူပါတယ်။ မင်းကဂိုးသွင်းကောင်းတယ်။ ရာသီတိုင်း မင်းက ကျွမ်းကျင်စွာကစားနိုင်တယ်။ မင်းဟာငါ့အတွက်ဂုဏ်ယူစရာတစ်ခုပါ။ မကြာခင်မှာ မင်းရဲ့ကစားသမား ဘဝနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ငါတို့လုပ်ကြရမယ်။ မင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဟာ ငါ့ဆီကနေလာတာကိုတော့ သူတို့မသိကြဘူး၊ မကြာခင်အပြီးသတ်ဆုံးဖြတ်ရမှာပါ။ ငါ့သားလေးကောင်းကောင်းအနားယူပါ။ မင်းရဲ့အဖေက အကျိုးအမြတ်တွေချိန်ဆနေပါတယ်”လို့ သူရဲ့ အင်စတာဂရမ်မှာ ဖွင့်ဟသွားခဲ့ပါတယ်။        

           

 (SO)






အခြားဆက်စပ်သတင်းများ