နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
3 M Open ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ချန်ပီယံဆုကို တွမ်ဆင် ဆွတ်ခူး

ဇူလိုင်   ၂၉


အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် 3M Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးရိုက် ကစားသမား တွမ်ဆင်က သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်လျှော့ရိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ ကြောင်း သိရသည်။


တွမ်ဆင်သည် ပြိုင်ပွဲ၏ ဒုတိယနေ့မှစတင်၍ အမှတ်ပေးဇယားထိပ်တွင်ရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံးနေ့ထိ အကောင်းဆုံးပုံစံကိုထိန်းသိမ်းနိုင်ခဲ့ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် ရှဝက်ဇယ်မှာ သတ်မှတ်ရိုက်ချက်ထက် ၁၆ ချက်သာ လျှော့ရိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၃ နှင့် အမေရိကန်ဂေါက်သီးရိုက်ကစားသမား အာဒမ်လောင်းက သတ်မှတ်ရိုက်ချက်ထက် ၁၇ ချက်လျှော့ရိုက်ကာ အဆင့် ၂ နေရာတို့တွင် ရပ်တည်နိုင်ခဲ့သည်။
တွမ်ဆင်က “ကျွန်တော်ကိုယ်တိုင် ဒီလောက်ကောင်းအောင် ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ ပါဘူး။ ဒါပေမယ့် အကောင်းဆုံးလုပ်ပြနိုင်လိမ့်မယ်လို့တော့ ယုံကြည်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။


အသက် ၃၅ နှစ်အရွယ်ရှိ တွမ်ဆင်အနေဖြင့် ခုနစ်နှစ်ကြာမှ PGA Tour ပြိုင်ပွဲတွင် အောင်မြင်မှုကို ပထမဆုံးအကြိမ် ပြန်လည်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


 (သူရိန်)






အခြားဆက်စပ်သတင်းများ