နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OPPO သုံးစွဲသူများအတွက် ဖုန်းပြင်ဆင်မှုများကို တစ်နာရီအတွင်း အမြန်ဆုံး ပြုလုပ်ပေးနိုင်မည့် OPPO 1 Hour Flash Fix အစီအစဉ်စတင်မိတ်ဆက်

ရန်ကုန် ဇူလိုင် ၂၈


ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ဝယ်ယူအားပေးသူများကို အစဉ်အမြဲ ဦးစားပေး စဉ်းစားလျက်ရှိပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများနှင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် အမြဲတစေကြိုးစားလျက်ရှိသည်။ ယခုအခါမှာလည်း OPPO Customer များအတွက် ဖုန်း ပြင်ဆင်မှုများကို ပိုမို အဆင်ပြေစေရန် တစ်မူထူးခြားသော ဝန်ဆောင်မူအသစ်ဖြစ်သည့် OPPO 1 Hour Flash Fix (တစ်နာရီ အမြန်ပြုပြင်မှု) အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။


အဆိုပါအစီအစဉ်ကို စမ်းသပ်ပြုလုပ်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။ 1 Hour Flash Fix ဆိုသည့်အတိုင်း တစ်နာရီအတွင်းတွင် အရည်အသွေးကောင်း၍ မြန်ဆန်သော Hardware နှင့် Software ပိုင်း ဖုန်းပြုပြင်မှုများကို သက်သောင့်သက်သာနှင့် ရရှိနိုင်မည်ဖြစ်ကာ အကယ်၍ OPPO Service Center ဘက် မှ အကြောင်း တစ်ခုခုကြောင့် တစ်နာရီအတွင်း မပြီးနိုင်သော အခြေအနေများ ရှိခဲ့ပါက OPPO မှ လက်ဆောင်များ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။


တစ်နာရီ အမြန်ပြုပြင်မှုကို မြန်မာနိုင်ငံ၏ မြို့ကြီးများရှိ  OPPO Service Center (၁၁) ခုတွင် (တနင်္လာနေ့မှ စနေနေ့အထိ ရုံးချိန်အတွင်း)  ရရှိမည်ဖြစ်သည်။ တနင်္ဂနွေနေ့များတွင် ဖုန်းပြုပြင်လိုသူများအတွက် ရန်ကုန်မြို့ လသာမြို့နယ် Service Centre တွင် တနင်္လာမှ သောကြာ ပုံမှန်အချိန်များအပြင်   စနေနေ့အစား တနင်္ဂနွေနေ့တွင် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သည်။


ဖုန်း၏ IMEI နံပါတ်နှင့်အတူ OPPO Official Website (https://www.oppo.com/mm/) တွင် ကျန်ရှိနေသော Warranty ကာလ၊ ဖုန်းပြင်ဆင်မှု အခြေအနေ၊ ဖုန်းပြင်ဆင်ပြီးမြောက်မည့်အချိန်တို့ကို အလွယ်တကူ စစ်ဆေးသိရှိနိုင်မည်ဖြစ်သည့်အပြင် ပြင်ဆင်ရာတွင် လိုအပ်သော ဖုန်းအပိုပစ္စည်း (Accessories) များ၏ ဈေးနှုန်းများကိုလည်း ဖော်ပြထားသည်။ ထို့အပြင် Color OS 7 ပါဝင်သော OPPO ဖုန်းများတွင် Service Application ပါဝင်ပြီးဖြစ်ရာ ထို Application တွင်လည်း Website တွင် ဖော်ပြထားသော အချက်အလက်များအတိုင်း Service နှင့် သက်ဆိုင်သော အချက်အလက်များနှင့်အတူ အမေးများသည့် မေးခွန်းများနှင့် အဖြေများကိုလည်း   ဖော်ပြပေးထားသည်။ OPPO Care Facebook Page (https://www.facebook.com/OPPOCareMM/) တွင်လည်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နေ့စဉ် အကြောင်းအရာသစ်များကို ‌အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


OPPO မှ ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်း Factory Fault / Hardware ကြောင့် ဖုန်းချို့ယွင်းမှု ဖြစ်ပေါ်ပါက Service Center မှ ပြန်လည် စစ်ဆေး အတည်ပြုပြီး အသစ်တစ်လုံး ပြန်လည်လဲပေးသည်။ အခြား Warranty ကာလများမှာ ဝယ်ယူပြီး အချိန်မှ စ၍ ဖုန်း Official Warranty မှာ (၁)နှစ်၊ Software ပိုင်းအတွက် တစ်သက်တာ Warranty၊ Adapator၊ USBနှင့် Earphone တို့အတွက် (၆) လ နှင့် ဖုန်းဘက်ထရီအတွက် (၁) နှစ် Warranty ရရှိသွားမည် ဖြစ်သည်။ ထို့ပြင် ထူးခြားသော အစီအစဉ်အဖြစ် ဖုန်းပြုပြင်ပြီး ရရှိလာသော Hardware များအတွက် (၃)လ Warranty ရရှိနိုင်မည်ဖြစ်သည်။


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ