နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ပြီးဆုံးချိန်မှာတော့ အကောင်းဆုံးဆုတွေနဲ့ ပျော်နေသူ ၃ ဦး

ဇူလိုင်   ၂၈


၂၀၁၉−၂၀၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုပွဲတွေ တစ်ခန်းရပ်သွားပြန်ပါပြီ။ ဒီပရီးမီးယားလိဂ် ဇာတ်ခုံကြီးပေါ်မှာ ပရိသတ်တွေမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာ များစွာ ဖြစ်ပျက်ကပြသွားကြပါတယ်။ လမ်းခုလပ်မှာလဲ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါဖြစ်ပွားခဲ့ တာကြောင့် ပွဲစဉ်တွေရပ်နားခဲ့ရပါသေးတယ်။


အခြေအနေပေးလို့ ပြိုင်ပွဲတွေပြန်စရပြန်တော့ ပရိသတ်မပါဘဲကစားခဲ့ကြရပါတယ်။ ခုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးက ပြီးဆုံးသွားပါပြီ။ ဒီပရီးမီးယားလိဂ်ဆုဖလားကြီးကိုတော့ လီဗာပူးလ်အသင်းက ပြိုင်ပွဲမပြီးခင်ကတည်းက ကိုင်မြှောက်လို့ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ် ကစားအပြီးမှာတော့ အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ခဲ့သူ ၃ ဦးလဲပေါ်ထွက်လာပါတယ်။


ပရီးမီးယားလိဂ်ရဲ့ ၂၀၁၉−၂၀၂၀ ဘောလုံးရာသီမှ အကောင်းဆုံးဂိုးသမားဆုကို မန်စီးတီးဂိုးသမား အီဒါဆန်က ရရှိခဲ့ပါတယ်။ အီဒါဆန်ဟာ ယခုရာသီမှာ Clean Sheet ၁၇ ပွဲထိရရှိခဲ့ပြီး ပေးဂိုးလည်း ၃၅ ဂိုးသာ ခွင့်ပြုပေးခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။


အကောင်းဆုံးကွင်းလယ်ကစားသမားဆုကိုတော့ မန်စီးတီးရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက ရရှိခဲ့ပါတယ်။ ဒီဘရိုင်းဟာ ဒီရာသီမှာ ဂိုးဖန်တီးမှုအကြိမ် ၂၀ ထိပြုလုပ် နိုင်ခဲ့သလို သွင်းဂိုးလည်း ၁၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။


ပရီးမီးယားလိဂ် ဒီရာသီမှာ အကောင်းဆုံးတိုက်စစ်မှူး ဆုကိုတော့ လက်စတာစီးတီးအသင်းက ဂျေမီဗာဒီ ရရှိခဲ့ပါတယ်။ ရွှေဖိနပ်ဆုရှင် ဗာဒီဟာ အသက် ၃၃ နှစ်အရွယ်ရှိနေတာကြောင့်  ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အကြီးဆုံး ရွှေဖိနပ်ဆုရှင်ဆိုတဲ့ စံချိန် မှတ်တမ်းရရှိခဲ့ပါတယ်။ ဒီရာသီမှာ ဗာဒီဟာ ဂိုးပေါင်း ၂၃ ဂိုးထိသွင်းယူနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုရရှိခဲ့ တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ပြီးချိန်မှာတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ရအသင်းတွေ ပြုံးပျော်နေကြသလို အကောင်းဆုံးဆုတွေရရှိခဲ့တဲ့ ၃ ဦးကလည်း ပြုံးပျော်ရွှင်မြူးနေမှာပါ။                     


(So)






အခြားဆက်စပ်သတင်းများ