နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးလ်အသင်း Nike ကုမ္ပဏီထံမှ တစ်နှစ်ပေါင်သန်း ၆၀-၇၀ ကြားရနိုင်

ဇူလိုင်   ၂၈


ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုထားတဲ့ Nike ကုမ္ပဏီက လာမယ့် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်း အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်များမှာ ဝတ်ဆင်ကစားဖို့အတွက် ဂျာစီ အသစ်ကို သြဂုတ်လ ၄ ရက်နေ့မှာထုတ်ပြသွားမယ်လို့သိရပါတယ်။ အိမ်ကွင်းဂျာစီကိုတော့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ပေါ်တူကီအသင်းဝတ်ဆင်ခဲ့တဲ့ အနီရောင်အတိုင်းဖြစ်မယ်လို့သိရပါတယ်။ ဒီဂျာစီဒီဇိုင်းက ၁၉၉၀ ပြည့်နှစ်က လီဗာပူးလ်အိမ်ကွင်းဝတ်စုံကိုလည်း မှီငြမ်းထားပါတယ်။

ဒါကြောင့် ဂျာစီရဲ့ ကော်လံဒီဇိုင်း ကလည်း ဆင့်ပွားယူထားတဲ့ဒီဇိုင်းဖြစ်ပါတယ်လို့ လီဗာပူးလ်ရဲ့ သတင်းထောက်ဂျိမ်းလီရက်စ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဝေးကွင်းဂျာစီကိုလည်း ဒီဇိုင်း ၃ မျိုးနဲ့ထုတ်ပေးသွားမယ်လို့သိထားပါတယ်။


Nike ဂျာစီဟာ Old School ပုံစံကို ပြန်လည်ဖန်တီးမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ရှန်ကလေအမှတ်အသားတွေ ပါဝင်သွားမယ်လို့လည်း သတင်းထောက်က ပြောခဲ့ပါတယ်။ Nike ဟာ ကမ္ဘာတစ်ဝန်းအရောင်းဆိုင်ပေါင်း ၆၀၀၀ ကျော်ကို ဖြန့်ဝေ စွမ်းရှိပါတယ်။ လီဗာပူးလ်ကိုလည်း မြင့်မားတဲ့ကော်မရှင်ပေးမှာဖြစ်ပါတယ်။


ဒါကြောင့် လီဗာပူးလ်ဟာ တစ်နှစ်ပေါင် ၃၀ သန်းနဲ့ စျေးကွက်အတွင်းရောင်းချရမှုအရ အမြတ်ရဲ့ ၂၀% ကိုလည်း လီဗာပူးလ်တို့ ခံစားခွင့်ရမှာပါ။ လီဗာပူးလ်ပုံရိပ်တိုးတက်လာမှု၊ စျေးကွက်ရဲ့တောင်းဆိုမှုအရ လီဗာပူးလ်ဘက်က တစ်နှစ် ပေါင် ၆၀−၇၀ သန်းကြားရမယ်လို့ခန့်မှန်းထားကြောင်း သတင်းထောက် ဂျိမ်းပီရက်စ်က ပြောပြခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ